ဂရိ၊ အိုင်ယာလန်တို့နှင့် ယှဉ်ပြိုင်ကစားရမည့် Nations League ပွဲစဉ်များအတွက် ရွေးချယ်ထားသော အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ကစားသမား(၈)ဦး ဒဏ်ရာပြဿနာများကြောင့် နုတ်ထွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကစားသမားများမှာ အာဆင်နယ်မှ ဆာကာနှင့် ဒက်ကလန်ရိုက်စ်၊ ချယ်လ်ဆီးမှ ပါလ်မာနှင့် ကိုဝဲလ်၊ လီဗာပူးလ်မှ အာနိုးလ်၊ မန်စီးတီးမှ ဖိုဒန်နှင့် ဂရီးလစ်ရှ်၊ ဆောက်သမ်တန်မှ ရမ်းစ်ဒေးလ်တို့ဖြစ်ကြောင်း သိရသည်။
ဖိုဒန်၊ ပါလ်မာနှင့် ကိုဝဲလ်တို့သည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် သက်ဆိုင်ရာကလပ်အသင်းများအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ကြသော်လည်း ကြံ့ခိုင်မှုမပြည့်ဝဟူသည့် အကြောင်းပြချက်ဖြင့် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်္ဂလန်အသင်းသည် နိုဝင်ဘာ(၁၄)တွင် ဂရိ၊ နိုဝင်ဘာ(၁၇)တွင် အိုင်ယာလန် နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းနှစ်ပွဲမှာ လက်ရှိအချိန်၌ ယာယီနည်းပြအဖြစ် တာဝန်ယူထားသော လီကာစလေ နောက်ဆုံးကိုင်တွယ်ရမည့် ပွဲစဉ်များ ဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ ကြယ်ပွင့်ကစားသမားများစွာ နုတ်ထွက်ခဲ့ခြင်းမှာ လီကာစလေအတွက် အခက်တွေ့စေနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိခဲ့သည်။
လီကာစလေသည် အဆိုပါကစားသမား(၈)ဦး နုတ်ထွက်ခဲ့ခြင်းအတွက် အက်စတွန်ဗီလာမှ မော်ဂန်ရော်ဂျာစ်၊ ဝက်စ်ဟမ်းမှ ဘိုဝင်၊ အဲဗာတန်မှ ဘရန့်ဝိတ်၊ နယူးကာဆယ်မှ လစ်ဗရာမန်တို၊ ဘန်လေမှ ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်တို့ကို ပြန်လည် အားဖြည့်ခေါ်ယူခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
