ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမား ယမားလ်၏ ဖခင်ဖြစ်သူက သားဖြစ်သူမှာ Ballon d'Or ဆုကို အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု သုံးသပ်ပြောကြားသည်။
အသက် ၁၇ နှစ်သာရှိသေးသူ ယမားလ်သည် ၂၀၂၄ Ballon d'Or အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး အဆင့် ၈ နေရာ ရပ်တည်နိုင်ခဲ့သလို လူငယ်အကောင်းဆုံးဆု(Kepa Trophy) လည်း ဆွတ်ခူးရရှိခဲ့သည်။
ပရိသတ်များအနေဖြင့် ယမားလ်၏စွမ်းဆောင်ရည်ကို ရာခိုင်နှုန်း ၂၀ သာ မြင်တွေ့ရသေးပြီး ၎င်းမှာ ဇီဒန်းကဲ့သို့ နံပါတ် ၁၀ နေရာတွင်လည်း ကစားနိုင်ကြောင်း ဖခင်ဖြစ်သူက ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောကြားသည်။
''သူက ကြယ်တစ်ပွင့်ဆိုတာ ကျွန်တော် ခပ်မြန်မြန်ပဲ သဘောပေါက်ခဲ့တယ်။ သူက တခြားသူတွေလို လူသားတစ်ယောက်မဟုတ်ပါဘူး။ သူအရမ်းငယ်တဲ့အရွယ်ကတည်းက တွန်းလှည်းထဲမှာ ဘောလုံးတစ်လုံးရှိပါတယ်။ ကျွန်တော်က သူ့ကို အမြဲတမ်းယုံကြည်ခဲ့တယ်။ သူက ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာမယ်လို့ ကျွန်တော့်သူငယ်ချင်းတွေကို အမြဲပြောခဲ့တာပါ။ သူက သန့်စင်တဲ့ စိန်တုံးတစ်တုံးပါပဲ။ ကွင်းထဲမှာရော၊ ကွင်းပြင်မှာပါ ပျော်ပျော်ရွှင်ရွှင်နဲ့ ပုံစံတူဆက်ရှိနေဖို့ လိုပါတယ်။ Ballon d'Or ဆုအတွက် ဆန်ခါတင်စာရင်းမှာ သူပါတာကို ကျွန်တော်မအံ့သြပါဘူး။ သူလုပ်နိုင်တဲ့စွမ်းရည်ရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ ခင်ဗျားတွေ့ရသေးတာပါ။ ကျွန်တော့်အတွက်တော့ သူက တောင်ပံကစားသမား မဟုတ်ဘဲ နံပါတ် ၁၀ ကစားသမားပါ။ သူ့ဆီမှာ ဇီနဒင်းဇီဒန်းလိုမျိုး တိုက်စစ်မှူးရဲ့နောက် ကွင်းလယ်မှာကစားနိုင်တဲ့ အရည်အချင်းနဲ့ စိတ်ဓာတ်ရှိပါတယ်'' ဟု ၎င်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
