ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော mpox ၏အလွန်ကူး စက်မြန်မျိုးကွဲ ကူးစက်ခံထားရသူ အသစ်လေးဦးကို ဗြိတိန်တွင် တွေ့ရှိခဲ့ကြောင်း ဗြိတိန်ကျန်းမာရေး တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်သည် လူအုပ်စုလိုက် ကူးစက်မှုဖြစ်စေသော ထိုမျိုးကွဲသည် အာဖရိက ပြင်ပသို့ ပထမဆုံးအကြိမ် ရောက်ရှိသည့် အဓိပ္ပာယ်ဖြစ်သည်။အများပြည်သူကို ကူးစက်နိုင်ခြေ လျော့နည်းလျက်ရှိသေးကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
ဗြိတိန်တွင် လွန်ခဲ့သည့်သီတင်းပတ်က mpox ၏ ပုံစံအသစ်ကူးစက်ခံရမှု ပထမဆုံးဖြစ်စဉ်ကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ကြေညာခဲ့သည်။
လန်ဒန်ဆေးရုံတွင် mpox ရောဂါဖြင့် လတ်တလော ကုသမှုခံယူနေရသူသည် မကြာသေးမီက ကူးစက်ဖြစ်ပွားနေသည့် အာဖရိကနိုင်ငံများသို့ ခရီးသွားရောက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
လက်ရှိတွင် နောက်ထပ်ကူးစက်မှု ဖြစ်စဉ်အသစ်သုံးခုကို ဖော်ထုတ်တွေ့ရှိကြောင်း ဗြိတိန်ကျန်းမာရေး ဘေးကင်းလုံခြုံမှု အေဂျင်စီက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။
၎င်းတို့အားလုံးသည် ပထမဆုံးကူးစက်ခံရသူ လူနာ၏ အိမ်သူအိမ်သာများဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့ကိုလည်း လန်ဒန်ရှိဆေးရုံတစ်ရုံတွင် ဆေးကုသပေးလျက်ရှိသည်။
“mpox ဟာ အနီးကပ်ထိတွေ့မှုရှိတဲ့ မိသားစုဝင်ဆီကနေ အလွန်ကူးစက်မြန်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ အဲဒါကြောင့် မိသားစုတစ်စုတည်းအတွင်းမှာတင် နောက်ထပ်ကူးစက်မှု ဖြစ်စဉ်အသစ်တွေ ထပ်မတွေ့ရဖို့မျှော် လင့်ပါတယ်”ဟု ဗြိတိန်ကျန်းမာရေး ဘေးကင်းလုံခြုံမှု အေဂျင်စီ၏ ဆေးဘက်ဆိုင်ရာအကြံပေးအကြီးအကဲ ဆူဆန်ဟော့ပ်ကင်းက ပြောကြားခဲ့သည်။
mpox ၏ မျိုးကွဲသစ်တစ်မျိုးကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ သို့မဟုတ် ဒီအာကွန်ဂို၏ အရှေ့ပိုင်းတွင် ယခုနှစ်အစောပိုင်းက ပထမဆုံးအကြိမ် တွေ့ရှိခဲ့သည်။
ယင်းမျိုးကွဲသည် အပျော့စားရောဂါ လက္ခဏာများဖြစ်ပေါ်ခြင်းကြောင့် ကူးစက်ခံရမှုကို သိရှိနိုင်ရန် ပိုမိုခက်ခဲသည်ဟု သိပ္ပံပညာရှင်များက ယူဆထားကြသည်။
ထို့ကြောင့် လူများက ၎င်းတို့ကူးစက်ခံထားရခြင်းကို သိရှိနိုင်ဖွယ်မရှိသည့်အတွက် ကူးစက်မှု ပိုမိုလျင်မြန်စွာ ပျံ့နှံ့နိုင်ဖွယ်ရှိသည်။
သြဂုတ်လက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သည် ကွန်ဂိုနှင့် အခြားအာဖရိက နိုင်ငံများတွင် mpox ရောဂါကူးစက်ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ ထုတ် ပြန်ကြေညာခဲ့သည်။ကွန်ဂိုနိုင်ငံတွင် သိပ္ပံပညာရှင်များက ပိုမိုလွယ်ကူစွာ ကူးစက်ပျံ့နှံ့နိုင်သော mpox မျိုးကွဲသစ်တစ်မျိုးကို ဖော်ထုတ်ခဲ့သည်။
ယခင်က မျောက်ကျောက်ရောဂါဟုလူ သိများခဲ့သော mpox သည် ရေကျောက်ကဲ့သို့ ဗိုင်းရပ်စ်များနှင့် တူညီသော မျိုးနွယ်စုတစ်စုထဲမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။သို့သော် ဖျားနာမှုကဲ့သို့ အပျော့စား လက္ခဏာများကိုသာ ဖြစ်ပေါ်ခံစားရနိုင်သည်။ပြင်းထန်ဖြစ်စဉ် ခံစားရသူများတွင်မူ အရေပြားတွင် အနာများ ပေါက်လေ့ရှိသည်။
ဗြိတိန်တွင် ၂၀၂၂ ခုနှစ်က နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ကူးစက်ဖြစ်ပွားနေသော mpox ၏ နောက်ထပ်မျိုးကွဲတစ်ရပ် ကူးစက်ခံရသူ ၃,၀၀၀ ကျော် စံချိန်တင်ရှိခဲ့သည်။
mpox ၏ မျိုးကွဲသစ်သည် လက်ရှိတွင် ဘူရန်ဒီ၊ ကင်ညာ၊ ရာဝမ်ဒါနှင့် ယူဂန်ဒါတို့တွင်လည်း ကူးစက်ဖြစ်ပွားလျက်ရှိသည်။ဆွီဒင်၊ အိန္ဒိယ၊ ဂျာမနီနှင့် ထိုင်းတို့တွင် ခရီးသွားများမှ mpox ကူးစက်မှု ဖြစ်စဉ်အနည်းငယ်ကို တွေ့ရှိခဲ့သည်။
လက်ရှိအချိန်အထိ ဒီအာကွန်ဂိုတွင် mpox ကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်ရှိကြောင်း WHO က ထုတ်ပြန်ထားသည်။
Ref:VOA
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
