ဘရာဇီးလ်လက်ရွေးစင်နောက်ခံလူဟောင်း ဖိလစ်ပီလူးဝစ်သည် ဖလာမင်ဂိုအသင်းနည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် တစ်လကျော်အကြာတွင် ပထမဆုံးဆုဖလား ဆွတ်ခူးခဲ့ကြောင်း သိရသည်။
ဖလာမင်ဂိုအသင်းသည် ဘရာဇီးလ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ဒုတိယအကျော့တွင် အက်သလက်တီကိုမင်နဲရိုးအသင်းအား ၁-၀ ဂိုးဖြင့် ထပ်မံအနိုင်ယူပြီး နှစ်ကျော့ပေါင်း ရလဒ် ၄-၁ ဂိုးဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပီလူးဝစ်(၃၉ နှစ်)သည် စက်တင်ဘာလ ၃၀ ရက်တွင် ဘရာဇီးလ်လက်ရွေးစင်အသင်း နည်းပြ ထိထီအား ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် ဖလာမင်ဂိုအသင်း ယာယီနည်းပြအဖြစ် ခန့်အပ်ခံရပြီး တစ်ရက်အကြာတွင် အမြဲတမ်းနည်းပြ ဖြစ်လာခဲ့သည်။
ထို့ကြောင့် ဖလာမင်ဂို အမြဲတမ်းနည်းပြဘဝ ရက် ၄၀ ပြည့်မြောက်သည့်နေ့တွင် ဆုဖလား ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ကစားသမားဘဝ၌ အက်သလက်တီကိုအသင်းတွင် နှစ်ကြိမ်တိုင် ကစားကာ ပြိုင်ပွဲစုံ ၃၃၃ ပွဲရှိခဲ့ပြီး ချယ်လ်ဆီး အသင်းတွင် တစ်ရာသီလာရောက်ကစားရာ၌လည်း ပရီးမီးယားလိဂ်နှင့် လိဂ်ဖလားများ ဆွတ်ခူးခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဖလာမင်ဂို အသင်းသို့ ရောက်ရှိခဲ့ပြီး ၂၀၂၃ ဒီဇင်ဘာလတွင် ကစားသမားဘဝမှ အနားယူခဲ့သည်။
ယင်းနောက်တွင် နည်းပြဘဝသို့ ချက်ချင်းဝင်ရောက်ကာ ဇန်နဝါရီလတွင် ဖလာမင်ဂို ယူ-၁၇ အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ဇွန်လတွင် ယူ-၂၀ အသင်းကို ပြောင်းလဲနည်းပြခဲ့ကာ ယခု နိုဝင်ဘာလ၌ အသင်းကြီး၏အမြဲတမ်းနည်းပြ ဖြစ်လာခဲ့သည်။ ဖလာမင်ဂိုအသင်းသည် နည်းပြသစ် ဖိလစ်ပီလူးဝစ်လက်ထက် ရှစ်ပွဲကစားရာတွင် ခြောက်ပွဲ အနိုင်ရထားပြီး ဘရာဇီးလ်စီးရီးအေ၌ အဆင့် ငါးနေရာတွင် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
