ရိုးမားအသင်း နည်းပြသစ်အဖြစ် မန်ချီနီ၊ လမ်းပတ်၊ ပေါ်လိုဆိုဆာနှင့် တယ်ဇစ်တို့ ရေပန်းစားနေကြောင်း သိရသည်။
ယင်းနည်းပြလေးဦးထဲမှ မကြာသေးခင်က ဆော်ဒီနည်းပြရာထူးမှ ထုတ်ပယ်ခံထားရသည့် မန်ချီနီမှာ ရေပန်းအစားဆုံး ဖြစ်လျက်ရှိသည်။
ရိုးမားအသင်းသည် အီဗန်ဂျူရစ်ကို ဘိုလော့ဂ်နာအသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ပြီးနောက် ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
အသက် (၄၉)နှစ်ရှိပြီဖြစ်သူ ခရိုအေးရှားနိုင်ငံသားနည်းပြ ဂျူရစ်သည် ပြီးခဲ့သည့် စက်တင်ဘာတွင် ဒီရော့ဆီ၏နေရာအတွက် အစားထိုးခန့်အပ်ခံခဲ့ရပြီး နှစ်လအကြာမှာပင် ပြန်လည်ထုတ်ပယ်ခံရခြင်းဖြစ်သည်။
သို့ဖြစ်ရာ ဂျူရစ်သည် ရိုးမားအသင်းအား (၁၂)ပွဲသာ ကိုင်တွယ်ခွင့်ရခဲ့ပြီး လေးပွဲနိုင်၊ သုံးပွဲသရေ၊ ငါးပွဲရှုံးနိမ့်ခဲ့သည်။
ရိုးမားအသင်းသည် ၎င်းလက်ထက်တွင် စီးရီးအေပွဲစဉ် (၈)ပွဲ ယှဉ်ပြိုင်ကစားရာ သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ လေးပွဲရှုံး၊ ယူရိုပါလိဂ်ပွဲစဉ် (၄)ပွဲ ယှဉ်ပြိုင်ကစားရာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။
ရိုးမားအသင်းအနေဖြင့် စီးရီးအေ၌ (၁၂)ပွဲကစား၊ (၁၃)မှတ်ဖြင့် အဆင့် (၁၂)၊ ယူရိုပါလိဂ်၌ (၄)ပွဲကစား၊ ငါးမှတ်ဖြင့် အဆင့် (၂၀)နေရာ ရောက်ရှိနေသောကြောင့် ဂျူရစ်ကို ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
