မန်ယူအသင်း၏ နည်းပြသစ် အာမိုရင်မ်သည် တနင်္လာနေ့တွင် အင်္ဂလန်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မန်ယူအသင်းနှင့် စတင်ပူးပေါင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါ်တူဂီနည်းပြ အာမိုရင်မ်သည် စပို့တင်းလစ္စဘွန်းက ဘရာဂါအသင်းအား (၄-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲကို ကိုင်တွယ်ခဲ့ပြီးနောက် တနင်္လာနေ့နံနက်ပိုင်းတွင် ပေါ်တူဂီမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး နေ့လယ်ပိုင်းတွင် မန်ယူအသင်း၏ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့သည်။
အာမိုရင်မ်ကို မန်ယူအသင်း၏ အမှုဆောင်ချုပ် အိုမာဘာရာဒါ၊ အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝပ်သ်နှင့် နည်းစနစ်ဒါရိုက် တာ ဂျေဆန်ဝီလ်ကော့စ်တို့က ကြိုဆိုခဲ့ကြသည်။
အာမိုရင်မ်သည် မန်ယူအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး နိုဝင်ဘာ(၁၁)ရက်တွင် မန်ယူနည်းပြအဖြစ် အစပြုပြီဖြစ်သော်လည်း အလုပ်လုပ်ခွင့်ပါမစ်ရရှိရန် စောင့်ဆိုင်းရဦးမည် ဖြစ်သောကြောင့် လေ့ကျင့်မှု ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
သို့သော် လက်ရှိအချိန်မှာ နိုင်ငံတကာရက်သတ္တပတ်ကာလဖြစ်သောကြောင့် ကစားသမားအများစုမှာ လက်ရွေးစင်အသင်းများနှင့် သွားရောက်ပူးပေါင်းနေပြီး နိုင်ငံပွဲမကစားရသူများမှာလည်း အားလပ်ရက်ရရှိထားသောကြောင့် အာမိုရင်မ်အတွက် ပြဿနာမရှိကြောင်း သိရသည်။
မန်ယူအသင်းက နည်းပြသစ်အနေဖြင့် ပထမဆုံးကိုင်တွယ်ရမည့် အစ်ဝစ်ချ်နှင့် ပရီးမီးယားလိဂ်ပွဲအတွက် ပြင်ဆင်ချိန် (၁၃)ရက်ရရှိထားကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့သော တိုက် စစ်မှူးဟောင်း နစ္စတယ်ရွိုင်းအပါအဝင် ယခင်နည်းပြအဖွဲ့ဝင်များမှာ အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်းလည်း အတည်ပြုကြေညာခဲ့သည်။
နစ္စတယ်ရွိုင်းနှင့်ပတ်သက်၍ မန်ယူအသင်းက ''ရုဒ်ဗန်နစ္စတယ်ရွိုင်း အသင်းက ထွက်ခွာသွားပြီလို့ အတည်ပြုပါတယ်။ ရုဒ်က နွေရာသီမှာ အသင်းနဲ့ ပြန်ပူးပေါင်းပြီး နောက်ဆုံး (၄)ပွဲကို ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ရုဒ်ဟာ မန်ယူအသင်းရဲ့ ဂန္ထဝင်တစ်ဦးအဖြစ် အမြဲရှိနေမှာပါ။ သူ့ကို အိုးလ်ထရက်ဖို့ဒ်ကနေ အမြဲတမ်းကြိုဆိုနေမှာပါ။ ရန်းဟာကီ၊ ရူဝီလာနဲ့ ပီတာမိုရယ်တို့လည်း အသင်းနဲ့လမ်းခွဲခဲ့ကြပြီး သူတို့အားလုံး ကောင်းမွန်တဲ့အနာဂတ် ပိုင်ဆိုင်စေဖို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ်''ဟု ကြေညာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
