ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အက်ဒ်နယ်လ်ဒိုရိုဒရီဂွက်စ်က ဂွါဒီယိုလာကို နည်းပြသစ်အဖြစ် ခန့် အပ်ရန် ဆက်သွယ်ခြင်းမရှိဟု ငြင်း ဆန်ခဲ့သည်။
ဂွါဒီယိုလာသည် လာမည့်နွေရာသီတွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး လက်ရွေးစင်အသင်းတစ်သင်းကို ပြောင်းလဲကိုင်တွယ်ရန် ဆန္ဒရှိနေကြောင်း သတင်းထွက်လာခဲ့သည်။
ယင်းအတွက် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က ၎င်းကို လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ရန်ကြိုးပမ်းနေကြောင်း ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လာခဲ့သောကြောင့် အက်ဒ်နယ်လ်ဒိုရိုဒရီဂွက်စ်က ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
''သူက ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်ပေမဲ့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က ဆက်သွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ မပါဝင်ပါဘူး။ ကျွန်တော်တို့ လက်ရှိနည်းပြ ဒိုရီဗယ်လ်ဂျူနီယာနဲ့ လုပ်ဆောင်နေရတာကို ကျေနပ်မှုရှိပါတယ်။ သူက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကျွန်တော်တို့နဲ့ စာချုပ်ချုပ်ဆိုထားတဲ့အတိုင်း ဆက်ရှိသွားမှာပါ''ဟု အက်ဒ်နယ်လ်ဒိုရိုဒရီဂွက်စ်က ပြောကြားခဲ့သည်။
အက်ဒ်နယ်လ်ဒိုရိုဒရီဂွက်စ်က ယင်းကဲ့သို့ ငြင်းဆန်ခဲ့သော်လည်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်သည် လက်ရှိနည်းပြ ဒိုရီဗယ်လ်ဂျူနီယာကို မခန့်အပ်မီ ဂွါဒီယိုလာအား ဆက်သွယ်ချဉ်းကပ်ခဲ့သလို၊ လက်ရှိအချိန်အထိ နည်းပြသစ်အဖြစ် ခန့်အပ်ရန် ချိန်ရွယ်နေဆဲဖြစ်ကြောင်း သတင်းထွက်နေသည်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်သည် ဥရောပမှ နာမည်ကျော်နည်းပြတစ်ဦးဦးကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
