ဒေါ်နယ်ထရန့်ဦးဆောင်သည့် အမေရိကန်အစိုးရသစ် တက်လာသည့်အခါ အီရန်နိုင်ငံကို ဖိအားပေးသည့်ပေါ်လစီမူများ ပြောင်းလဲပေးရန် အီရန်၏နည်းဗျူဟာဆိုင်ရာ ဒုတိယသမ္မတဂျာဗတ်ဇာရစ်ဖ်က ပြီးခဲ့သည့် ရက်ပိုင်းက တောင်းဆိုလိုက်သည်။
ဇာရစ်ဖ်သည် အီရန်၏မဟာဗျူဟာရေးရာကို ကိုင်တွယ်သူဖြစ်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က အီရန်နှင့်အနောက်အင်အားကြီးနိုင်ငံများ အကြား ၂၀၁၅ နျူကလီးယားသဘောတူစာချုပ်ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးခဲ့သူလည်းဖြစ်သည်။
ထရန့် ဒုတိယအကြိမ်သမ္မတတာဝန် ယူသည့်အခါ အီရန်အပေါ် ဖိအားကြီးကြီးမားမားပေးသည့်မူဝါဒကို ပြန်စဉ်းစားရန်လိုအပ်ပြီး ပထမအကြိမ်တာဝန်ယူစဉ်က ပေါ်လစီအမှားများ ထပ်ပြုလုပ်မည်မဟုတ်သည်ကို ပြသရန်လိုသည်ဟု မစ္စတာဇာရစ်ဖ်က ပြောကြားသည်။
သမ္မတရွေးကောက်ပွဲမတိုင်မီ ဂျိုးဘိုင်ဒင်အစိုးရက ထရန့်နှင့်ပတ်သက်ပြီး အီရန်ကို သတိပေးမှုရှိခဲ့သည်။ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် သမ္မတလောင်းထရန့်အား လုပ်ကြံရန် ကြံစည်နေမှုအားလုံး ရပ်တန့်ပစ်ရန် စာပို့သတိပေးလိုက်ခြင်း ဖြစ်သည်။
ဂျိုးဘိုင်ဒင်ညွှန်ကြားချက်ဖြင့် ပေးပို့လိုက်သည့် ၎င်းစာထဲတွင် ထရန့်နှင့် ယခင် အမေရိကန်အရာရှိဟောင်းများအား လုပ်ကြံရန်ပစ်မှတ်ထားကြံစည်နေခြင်းများကို ရပ်တန့်ရန် သတိပေးထားသည်။
ယင်းသို့အမေရိကန်က သတိပေးလာသည့်အပေါ် အီရန်ဘက်ကလည်း အီရန်ဝန်ကြီးချုပ်ဖြုတ်ချခံရသည့် ၁၉၅၃ ခုနှစ် အာဏာသိမ်းမှု ၊ ၂၀၂၀ ခုနှစ်က အီရန်စစ်ဗိုလ်ချုပ်ဆိုလေမာနီ အီရတ်တွင်ရောက်နေခိုက် ဒရုန်းဖြင့်လုပ်ကြံခံရမှုစသည်တို့တွင် အမေရိကန်ပတ်သက်နေပြီး အမေရိကန်ကသာ အီရန်ပြည်တွင်းရေးတွင် ဝင်စွက်ခဲ့ခြင်းဖြစ်သည် ၊ အီရန်ကအမေရိကန်ပြည်တွင်းရေးတွင် စွက်ဖက်ခဲ့ခြင်းမရှိဟု တုံ့ပြန်ခဲ့သည်။
မဲဆွယ်မှုကာလအတွင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံရန် အီရန်ကကြံစည်ခဲ့သည်ဆို ခြင်းမှာလည်း အဓိပ္ပါယ်မရှိ ၊ အခြေအမြစ်မရှိသည့် စွပ်စွဲချက်သာဖြစ်သည်ဟု အီရန်က ငြင်းဆိုခဲ့သည်။
အမေရိကန်- အီရန် နှစ်နိုင်ငံဆက်ဆံရေးသည် ၁၉၇၉ ခုနှစ်က အီရန်အစ္စလာမ်မစ် တော်လှန်ရေးဖြစ်ပွားလာပြီးကတည်းက အဆင်မပြေလာတော့ပေ။
ထရန့်၏ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း အီရန်နှင့်နျူကလီးယားသဘောတူညီချက်မှ အမေရိကန်ကို နုတ်ထွက်လိုက်ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်ချမှတ်လာခဲ့သည်။ အပြန်အလှန်အနေဖြင့် အီရန်ဘက်ကလည်း သဘောတူစာချုပ်ပါ ကတိကဝတ်များကို ငဲ့ကွက်မနေတော့ဘဲ ၊ ယူရေနီယမ်သန့်စင်မှုများကို ၆၀ ရာခိုင်နှုန်း အထိ တိုးမြှင့်လိုက်သည်။
အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်သည့်နိုင်ငံဖြစ်လာရေးအတွက် ကြိုးပမ်းနေသည်ဟု အနောက်နိုင်ငံများက စွပ်စွဲလာခဲ့ပြီး အီရန်ကမူ ထိုစွပ်စွဲချက်များကို အကြိမ်ကြိမ်ငြင်းလာခဲ့သည်။ မစ္စတာဂျာဗတ်ဇာရစ်ဖ်၏ ပြောကြားချက်ထဲတွင် အီရန်အပေါ် ထရန့်၏ယခင်နိုင်ငံရေးနည်းကိုင် တွယ်ပုံကြောင့် အီရန်၏ ယူရေနီယမ်သန့်စင်မှုပမာဏ မြင့်တက်လာခြင်းဖြစ်သည်ဟုလည်း ထောက်ပြထားသည်။
■Ref: The Economic Times
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
