လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်စီးတီးကို (၅)မှတ်ဖြတ်ဦးဆောင်ထားပြီးနောက် ချန်ပီယံဖြစ်နိုင်ခြေ (၅၉.၃)ရာခိုင်နှုန်းဖြင့် ရေပန်းအစားဆုံးဖြစ်လာကြောင်း Opta ၏ စူပါကွန်ပျူတာက ခန့်မှန်းထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်မတိုင်မီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) ယှဉ်ပြိုင်ကစားအပြီးတွင် လီဗာပူးလ်အသင်းက (၂၈)မှတ်ဖြင့် ဦးဆောင်နေပြီး နောက်ဆုံးလေးနှစ် ဆက်ချန်ပီယံ မန်စီးတီးအသင်းကို (၅)မှတ်ဖြတ်ထားနိုင်ပြီ ဖြစ်သည်။ လီဗာပူးလ်အသင်းသည် နည်းပြသစ် အာနယ်ဆလော့လက်ထက်တွင် အကောင်းဆုံးပုံစံရရှိနေပြီး ကိုးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲသာ ရှုံးနိမ့်ထားသလို (၂၁)ဂိုးသွင်းယူကာ ခြောက်ဂိုးသာ ပြန်လည်ခွင့်ပြုထားရသည်။
ထို့ကြောင့် Opta ၏ စူပါကွန်ပျူတာက ရာသီကြိုကာလ ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းနှင့် ပွဲစဉ် (၁၁)အပြီး ချန်ပီယံ ဖြစ်နိုင်ခြေရာခိုင်နှုန်းကို နှိုင်းယှဉ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄-၂၀၂၅ ရာသီ မစတင်မီ မန်စီးတီးအသင်းက ချန်ပီယံ ဖြစ်နိုင်ခြေ (၈၂.၂)ရာခိုင်နှုန်းဖြင့် ငါးနှစ်ဆက် ဗိုလ်စွဲရန် ရေပန်းအစားဆုံး သတ်မှတ်ခံခဲ့ရပြီး အာဆင်နယ်အသင်းက (၁၂.၂)ရာခိုင်နှုန်းဖြင့် ဒုတိယ၊ လီဗာပူးလ်အသင်းက (၅.၁) ရာခိုင်နှုန်းဖြင့် တတိယနေရာသာ သတ်မှတ်ခံခဲ့ရသည်။
သို့ သော် ပွဲစဉ် (၁၁)အပြီးတွင် လီဗာပူးလ်အသင်းက ချန်ပီယံဖြစ်နိုင်ခြေ (၅၉.၃)ရာခိုင်နှုန်းဖြင့် ရေပန်းအစားဆုံးဖြစ်လာပြီး မန်စီးတီးအသင်းက (၃၆.၂)ရာခိုင်နှုန်းဖြင့် ဒုတိယ၊ အာဆင်နယ်အသင်းက (၄.၁)ရာခိုင်နှုန်းဖြင့် တတိယနေရာသို့ ရောက်ရှိသွားကြောင်း သိရသည်။
သို့ဖြစ်ရာ လီဗာပူးလ်အသင်း၏ ချန်ပီယံဖြစ်နိုင်ခြေမှာ ရာသီမစတင်မီအချိန်နှင့် နှိုင်းယှဉ်ပါက (၅၄.၂)ရာခိုင်နှုန်း အထိ မြင့်တက်လာခြင်းဖြစ်သည်။ ရှုံးပွဲဆက်နေသည့် မန်စီးတီးအသင်းမှာမူ ချန်ပီယံဖြစ်နိုင်ခြေ (၄၆)ရာခိုင်နှုန်း ကျဆင်းသွားပြီး အာဆင်နယ်အသင်းမှာလည်း (၈.၁)ရာခိုင်နှုန်း ကျဆင်းသွားသည်။ နာမည်ကြီး လောင်းကစားကုမ္ပဏီများ၏ အလေးပေးမှုစာရင်းတွင်လည်း လီဗာပူးလ်အသင်းက ၆း၅ ဖြင့် ရေပန်းအစားဆုံးဖြစ်လာပြီး မန်စီးတီးအသင်းက ၂း၁၊ အာဆင်နယ်အသင်းက ၄း၁၊ ချယ်လ်ဆီးအသင်းက ၂ဝး၁ သတ်မှတ်ခံထားရသည်။
နိုင်ငံတကာရက်သတ္တပတ်ပြီးနောက် ပရီးမီးယားလိဂ် ပွဲစဉ် (၁၂) ကို နိုဝင်ဘာ (၂၃၊ ၂၄၊ ၂၅)ရက်တွင် ပြန်လည်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
