မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက အသင်းဟောင်းအနေဖြင့် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်ထက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းကို ပေါင်သန်း (၁၂၀) ဖြင့် ခေါ်ယူသင့်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်အပြောင်းအရွှေ့စျေးကွက်များတွင် ငွေကြေးများစွာ အသုံးပြုပြီး ကစားသမားသစ်များ ခေါ်ယူခဲ့သော်လည်း ရလဒ်ကောင်းမွန်ခြင်းမရှိဘဲ အသင်းနည်းပြ တန်ဟက်ဂ်မှာ ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။
မန်ယူအသင်းသည် လက်ရှိတွင် စပို့တင်းလစ္စဘွန်းနည်းပြ အာမိုရင်မ်အား အသင်းနည်းပြအဖြစ် ခန့်အပ်ထားရာ ၎င်းအနေဖြင့် စပို့တင်းလစ္စဘွန်းအသင်းတွင် ၎င်းနှင့်လက်တွဲခဲ့ဖူးသည့် ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်အား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သတင်းထွက်ပေါ်နေသည်။
ယင်းအနေအထားတွင် မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက "ယိုကယ်ရက်စ်ရဲ့ ခြေစွမ်းက အရမ်းကောင်းနေပေမဲ့ သူအနေနဲ့ မန်ယူကို ရောက်လာမယ်ဆိုရင် စပို့တင်းမှာလိုမျိုး ခြေစွမ်းပြနိုင်မယ်လို့ မထင်ပါဘူး။ စပို့တင်းမှာ ဘာဖိအားမှ မရှိပေမဲ့ မန်ယူမှာက ဖိအားများပါတယ်။ ဟွိုင်းလန်း၊ ဇက်ဇီတို့တောင် အဲဒီဖိအားတွေကြောင့် ခြေစွမ်းမပြနိုင်တာပါ။ မန်ယူက ဆာလာတို့၊ ဟာလန်းတို့လို ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်သူ လိုနေတာပါ။ အဲဒီအတွက်ဆိုရင် ယိုကယ်ရက်စ်က အဖြေမဟုတ်ဘူးလို့ ထင်ပါတယ်။ မန်ယူသာ ပေါင်သန်း (၁၂၀) အသုံးပြုမယ်ဆိုရင် ဟာရီကိန်းကိုပဲ ခေါ်ယူသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
