ပရော်ဖက်ရှင်နယ်ဒိုင်အဖွဲ့ချုပ် (PGMOL) ၏ အကြီးအကဲဖြစ်သူ ဟောင်းဝပ်ဝက်ဘ် က လီဗာပူးလ်အသင်းနှင့် လီဗာပူးလ်နည်းပြဟောင်း ကလော့ပ်ကို ရိုင်းစိုင်းစွာ ပြောဆိုထားသည့် ပရီးမီးယားလိဂ်ဒိုင်လူကြီး ကူတီ၏ ဗီဒီယိုဖိုင် ထွက်ပေါ်လာခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အတည်ပြုပြောကြားခဲ့သည်။
နိုဝင်ဘာ (၁၁) ရက် (တနင်္လာနေ့)က လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်တွင် ပရီးမီးယားလိဂ်ဒိုင်လူကြီး ကူတီက လီဗာပူးလ်အသင်းကို ချီးထုပ်အသင်းဟု ပြောဆိုခဲ့ပြီး လီဗာပူးလ်နည်းပြဟောင်း ကလော့ပ်ကိုလည်း ညစ်ညမ်းသည့်စကားလုံးဖြင့် စိတ်ကြီးဝင်နေသူဟု ပြောဆိုခဲ့သလို၊ ကလော့ပ်၏ နိုင်ငံသား Identity ကိုလည်း စော်ကားပြောဆိုခဲ့သည်။
ယင်းဗီဒီယိုထွက်ပေါ်လာပြီးနောက် PGMOL က ပရီးမီးယားလိဂ်ဒိုင်လူကြီး ကူတီ ကို ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ထုတ်ပြန်ခဲ့သည်။ ယခုအခါ PGMOL အကြီးအကဲ ဟောင်းဝပ်ဝက်ဘ်က အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ပထမဆုံးအကြိ်မ် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟောင်းဝပ်ဝက်ဘ်က "လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုကို ကျွန်တော်တို့ သတိထားမိပြီး အရမ်းကို အလေးအနက်ထား ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီအတွက် စုံစမ်းစစ်ဆေးမှုတွေ အပြည့်အဝ ပြုလုပ်နေတာပါ။ လက်ရှိ စုံစမ်းစစ်ဆေးမှုရဲ့ ရလဒ်အဖြစ် လက်ရှိမှာ ကျွန်တော်တို့ရဲ့ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ကူတီကို ဆိုင်းငံပြစ်ဒဏ် ချမှတ်ထားပါတယ်"ဟု ပြောကြားခဲ့သည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ကူတီ၏ ဗီဒီယိုဖိုင်မှာ ၂၀၂၀ ပြည့်နှစ်က ရိုက်ကူးခဲ့ သည်ဟု ယုံကြည်ရပြီး အဆိုပါဗီဒီယိုကြောင့် ကူတီ၏ ပရီးမီးယားလိဂ်ဒိုင်လူကြီးဘဝမှာအဆုံးသတ်ဖွယ်ရှိနေကြောင်း သိရသည်။ ကူတီသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်က လီဗာပူးလ်အသင်းနှင့်လမ်းခွဲခဲ့သည့် ကလော့ပ်နှင့် ကတောက်ကဆဖြစ်ဖူးသူဖြစ်သည်။
၎င်းသည် လီဗာပူးလ်အသင်း၏ပွဲစဉ်များကို ကိုင်တွယ်ရာတွင် ဘက်လိုက်သည့်ဆုံးဖြတ်ချက်များရှိခဲ့ကြောင်း လီဗာပူးလ်ပရိသတ်များက ပြောဆိုနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
