အာဆင်နယ်နောက်ခံကစားသမားဟောင်း ဂါးလက်စ်က အသင်းဟောင်းအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဂါလာတာစာရေးတိုက်စစ်မှူး အိုဆင်မန်ကိုခေါ်ယူရန် တိုက်တွန်းပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပရီး မီးယားလိဂ်ပွဲစဉ် (၁၁)အပြီး၌ ရမှတ် (၁၉)မှတ်ဖြင့် အဆင့်(၄)တွင် ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်း(၂၈ မှတ်)နှင့် (၉)မှတ် အထိ ကွာဟနေသည်။ အာဆင်နယ် အသင်း၏အဓိကပြဿနာမှာ တိုက် စစ်ပိုင်းဖြစ်ပြီး နောက်ဆုံး(၃) ပွဲတွင် (၁) ဂိုးသာသွင်းယူနိုင်ခဲ့သည်။
ယခုရာသီ ပရီးမီးယားလိဂ်တွင် အာဆင်နယ်အတွက် ဂိုးအများဆုံးသွင်းထားသူ ဟာဗက်ဇ် (၄ ဂိုး)ဖြစ်ပြီး ၎င်းနောက်တွင် ဆာကာနှင့် မာတင်နယ်လီတို့က (၃) ဂိုးစီဖြင့် ဒုတိယနေရာတွင် ပူးတွဲရပ်တည်နေကြသည်။ ယင်းအခြေအနေတွင် အာဆင်နယ်နောက်ခံလူဟောင်း ဂါးလက်စ်က ဂါလာတာစာရေးအသင်းတွင် အငှားသွားကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်အားခေါ်ယူရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဂါးလက်စ်က "အာဆင်နယ်လိုနေတာ ထိပ်တန်းတိုက်စစ်မှူးပါ။ အို ဆင်မန်က အာဆင်နယ်လိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ အိုဆင်မန်အနေနဲ့ တစ်ရာသီ(၂၀)မသွင်းနိုင်တာမျိုး ရှိနိုင်ပေမဲ့ သူဟာ နောက်ခံလူတွေကို ခြိမ်းခြောက်နိုင်သူပါ။ အိုဆင် မန်ကိုကြည့်ရင် ဒရော့ဘာကို သတိရပါတယ်"ဟု ဆိုခဲ့သည်။
အိုဆင်မန်သည် ဂါလာတာစာရေးအတွက် ပြိုင်ပွဲစုံ (၉)ပွဲ၌ (၈)ဂိုးသွင်းကာ ဂိုးဖန်တီး မှု (၃)ကြိမ် ပြုလုပ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
