ပြင်သစ်နောက်ခံကစားသမား ကိုနာတေးက အသင်းဖော်တိုက်စစ်မှူး ဘာပေသည် တစ်ကမ္ဘာလုံး၏စောင့်ကြည့်ခံနေရသည့်ကစားသမားဖြစ်ပြီး ဖြစ်ရပ်တိုင်းအတွက် အပြောခံနေရသည်မှာ ဘာပေအတွက် မလွယ်ကူကြောင်း ပြောကြားခဲ့သည်။
ရီးယဲလ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေသည် ယခုနိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် ပြင်သစ်လက်ရွေးစင်အသင်း၏လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။ ဘာပေအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်တွင် ဒဏ်ရာကို အကြောင်း ပြကာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကစားပေးရန်ငြင်းဆန်ခဲ့ပြီး ဆွီဒင်နိုင်ငံသို့ ရက်တိုအပန်းဖြေခရီး ထွက်ခဲ့သည်။
ထို့ကြောင့် ယခုအခါ ပြင်သစ်နည်းပြ ဒေးရွှမ့်က ၎င်းကို အသင်းလူစာရင်းမှ ချန်လှပ်ခဲ့ခြင်းဖြစ်သည်ဟု ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ထို့ကြောင့် ကိုနာတေးက ဘာပေသည် တစ်ကမ္ဘာလုံး၏စိတ် င်တစားစောင့်ကြည့်ခြင်းခံနေရသူဖြစ်ပြီး ယင်းမှာ ၎င်းအတွက် မလွယ်ကူကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုနာတေးက "သူ ကျွန်တော်တို့ ပြင်သစ်အသင်းမှာ ရှိနေတဲ့အခါမှာ လူတိုင်းက သူ့ကို စောင့်ကြည့်နေကြတာပါ။ ဘာပေဟာ လက်ရှိမှာ တစ်ကမ္ဘာလုံးရဲ့စောင့်ကြည့်ခြင်းခံနေရသူ ဖြစ်ပါတယ်။ ကျွန်တော် သူ့ကို မကြာမကြာဆိုသလို ဘောလုံးနဲ့ ပတ်သက် ရင်တော့ မင်းလိုအဆင့်မျိုး ငါ ရောက်ချင်တယ်။ ဒါပေမဲ့ မင်းဘဝကို ငါမလိုချင်ဘူးလို့ သူ့ကို ပြောဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နေရာတိုင်းမှာ နာမည်ကြီးနေပြီး ဖြစ်ရပ်တိုင်းအတွက် အပြောခံနေရတာကို သည်းခံနိုင်ဖို့က မလွယ်ပါဘူး။ ပြင်သစ်အတွက် ဘာပေ ပေးဆပ်ခဲ့တာတွေကို မေးခွန်းထုတ်စရာမလိုပါဘူး"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
