မန်စီးတီးနောက်ခံလူ ဒီယက်စ် က ပြိုင်ပွဲစုံ (၄) ပွဲဆက်တိုက် ရှုံးနိမ့်ပြီး လီဗာပူးလ်အသင်းနှင့် (၅) မှတ် ကွာနေသော်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်မလျှော့သေးကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ (၄) ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ယင်းမှာ ဂွါဒီယိုလာ၏နည်းပြဘဝတွင် ပထမဆုံးအကြိမ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ မန်စီးတီးအသင်းသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရပြီး ရှုံးပွဲဆက်နေသည့်အတွက် ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။
မန်စီး တီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီးတွင် ရမှတ်(၂၃)မှတ်ဖြင့် အဆင့် (၂) နေရာ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်း(၂၈ မှတ်)နှင့် (၅)မှတ် ကွာဟနေသည်။
ဒီယက်စ်က "ဒီလိုမျိုးဖြစ်တာက သာမန်ပါပဲ။ လူအများစုက ကျွန်တော်တို့ကို ကျရှုံးစေချင်ကြတယ်။ ဒါကို ကျွန်တော်လက်ခံပါတယ်။ ဒါက စိန်ခေါ်မှုရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါကြောင့်ပဲ ကျွန်တော်တို့ သဘောကျတာပါ။ မဟုတ်ရင် ကျွန်တော်တို့ နိုင်တာက သူတို့လောက် မကြီးကျယ်ဘူးလို့ ပြောနေကြဦးမယ်။ အခုအခြေအနေက ကျွန်တော်တို့ နေထိုင်တဲ့ဘဝဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ ကြိုးစားမှာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
