ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ၎င်း၏နည်းပြဘဝတစ်လျှောက် အဆိုးရွားဆုံးအမှားမှာ ရီးယဲလ်အသင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်စဉ်က လစာတိုးတောင်းခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
အသက် (၆၅)နှစ်အရွယ်ရှိ အီတလီလူမျိုးဝါရင့်နည်းပြ အန်ဆယ်လော့တီသည် ၁၉၉၅ ခုနှစ်တွင် အီတလီကလပ် ရက်ဂျီးနားအသင်းကို ကိုင်တွယ်ကာ နည်းပြလောကသို့ စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။
၎င်းသည် နည်းပြသက်တမ်းနှစ်ပေါင်း (၂၉)နှစ်ကျော်ကာလအတွင်း ဆုဖလားပေါင်း (၃၀) အထိ ရရှိခဲ့ပြီး ယင်းထဲမှ (၁၄) လုံးမှာ ရီးယဲလ်အသင်းနှင့်အတူ ရရှိခဲ့ခြင်းဖြစ်သည်။
အန်ဆယ်လော့တီသည် ရီးယဲလ်အသင်းကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကိုင်တွယ်ခဲ့သည်။
၎င်းသည် ရီးယဲလ်အသင်းကို စတင်ကိုင်တွယ်သည့် ပထမဆုံးရာသီ ၂၀၁၃-၁၄ တွင် အသင်းအတွက် (၁၀) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခဲ့သည်။
သို့သော် နောက်ရာသီတွင် ရလဒ်မကောင်းသဖြင့် ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။
ယခုအခါ အန်ဆယ်လော့တီက ထိုစဉ်က ရီးယဲလ်နည်းပြရာထူးမှ ထုတ်ပယ်ခံရခြင်းကို ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက ''နှစ်ပေါင်း (၃၀)အတွင်း အမြဲမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချဖို့ မဖြစ်နိုင်ပါဘူး။ ရီးယဲလ်ကို ပထမအကြိမ်ကိုင်ခဲ့တုန်းက ကျွန်တော် အမှားလုပ်ခဲ့ပါတယ်။ အသင်းနဲ့စာချုပ်သစ်ချုပ်ဖို့နီးစပ်နေချိန်မှာ လစာတိုးခဲ့တောင်းခဲ့လို့ ပျက်ပြယ်ခဲ့ရတာပါ။ အဲဒီက ကျွန်တော့်ရဲ့နည်းပြဘဝမှာ အဆိုးရွားဆုံးအမှား ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
