ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် အနားယူနေရသည့် မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီက ၎င်းအနေဖြင့် ယခုရာသီမကုန်မီ ပြန်ကစားနိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ Ballon d'Or ဆုရှင် ရိုဒရီသည် စက်တင်ဘာ (၂၂)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး(၂-၂)အာဆင်နယ်ပွဲတွင် ACL (ဒူးအရွတ်စုတ်ပြဲ)ဒဏ်ရာရရှိခဲ့ပြီး ယခုရာသီကုန်ထိ အနားယူရမည်ဟု သတင်းထွက်နေသည်။ သို့သော် ခွဲစိတ်ကုသမှုအောင်မြင်ပြီးနောက် ဒဏ်ရာပြန်သက်သာရန် ကြိုးပမ်းနေသည့် ရိုဒရီ(၂၈ နှစ်)က ''ဒီရာသီမှာ ပြန်ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် လမ်းလျှောက်နိုင်ပြီးဖြစ်ပြီး ထင်ထားတာထက် ပိုမြန်မယ်လို့ ခံစားရပါတယ်''ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ရိုဒရီ အနားယူနေရချိန်တွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားသစ် အားဖြည့်ခေါ်ယူရန် စီစဉ်နေကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
