ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အနာဂတ်လှုပ်ခတ်နေသည့် အီဂျစ်တိုက်စစ်ကစားသမား ဆာလာက တစ်နေ့တွင် လူတိုင်းထွက်ခွာရသွားမည်ကို မိမိအနေဖြင့် နားလည်ထားကြောင်း အသင်း၏ YouTube Channel သို့ပြောကြားခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိ ဆာလာသည် လီဗာပူးလ်အသင်းဖော်များဖြစ်သည့် အယ်လစ်ဆန်၊ ရောဘတ်ဆန်တို့နှင့်အတူ ကလပ်အသင်းတွင် ဖြတ်သန်းခဲ့သည့် ကာလများကို ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးမှုတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းနှင့် ချုပ်ဆိုထားသည့် ဆာလာ၏လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်အတွက် အသင်းနှင့် ကစားသမားတို့အကြား သဘောတူညီမှုရသည့် အရိပ်အယောင်မျှပင် မတွေ့ရသေးပေ။
ယခုအခါ ဆာလာက အသင်းဖော်ဟောင်း ဖေမီနို ဆော်ဒီကလပ် အယ်လ်အာလီအသင်းထံသို့ ပြောင်းရွှေ့သွားပြီးနောက် တစ်နေ့တွင် အားလုံးထွက်ခွာသွားကြမည်ကို နားလည်သွားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆာလာက ''မနက်အိပ်ရာထပြီး အသင်းဖော်တွေနဲ့အတူ မယုံနိုင်လောက်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ဝေမျှခွင့်ရတာကို ကျွန်တော် တန်ဖိုးထားပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဒီမှာ ရှိနေတဲ့ သုံးယောက်(ဆာလာ၊ အယ်လစ်ဆန်နှင့် ရောဘတ်ဆန်)နဲ့ ဗန်ဒိုက်၊ အာနိုးလ်တို့က အသင်းရဲ့စီနီယာကစားသမားတွေပါ။ ဥပမာအနေနဲ့ ဘော်ဘီ(ဖေမီနို) ထွက်ခွာသွားပြီးနောက်မှာ တစ်နေ့မှာ လူတိုင်း ထွက်ခွာသွားရမယ်ဆိုတာကို ကျွန်တော် နားလည်သွားခဲ့ပါတယ်။ ကျွန်တော့်အတွက်လည်း ခြွင်းချက်မရှိပါဘူး။ ဒီတော့ ကျွန်တော် လေ့ကျင့်ရေးကွင်းကို လာတဲ့အချိန်တိုင်းမှာ အသင်းဖော်တွေနဲ့အတူ ရယ်မောဖို့၊ သူတို့နဲ့အတူ အချိန်ကောင်းတွေကို ဖြတ်သန်းဖို့ ကြိုးစားလေ့ရှိပါတယ်။ ကျွန်တော့်ခေါင်းထဲမှာတော့ ကျွန်တော်တို့အတူတူ ရရှိခဲ့ဖူးတဲ့ အကောင်းဆုံးအရာတွေကိုပဲ အမြဲသတိရနေပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆာလာက ၎င်း၏အနာဂတ်ထက် ယခုရာသီတွင် အသင်းနှင့်ဆုဖလားများရယူရန် အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။
''ကျွန်တော်ကတော့ ဖလားအားလုံးကို လိုချင်ပါတယ်။ အဲဒီအတွက် ကျွန်တော် နေ့တိုင်းကြိုးစားနေတာပါ။ ကျွန်တော်တို့ကို Unerdogs အဖြစ် သတ်မှတ်တာကို ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော်တို့ရဲ့အစုအဖွဲ့က အရမ်းကောင်းပါတယ်။ နေရာတိုင်းမှာ ကမ္ဘာ့အဆင့်(၃) အတွင်းရှိတဲ့ ကစားသမားတွေ ရှိနေတာပါ။ ဒီတော့ ဘာလို့မဖြစ်နိုင်ရမှာလဲ။ ဒီမြို့နဲ့ ဒီအသင်းက အမြဲတမ်း ဆုဖလားတွေအားလုံးအတွက် တိုက်ပွဲဝင်နေတာပါ''ဟု ဆာလာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
