မန်စီးတီးဂန္ထဝင်တိုက်စစ်မှူး အဂွဲရိုးက ပြိုင်ပွဲစုံ (၄)ပွဲဆက်ရှုံးနိမ့်ပြီး ရုန်းကန်နေရသည့် မန်စီးတီးကစားသမားများအနေဖြင့် နိုင်ပွဲများပြန်လည်ရယူရန်အတွက် အသင်းနည်းပြ ဂွါဒီယိုလာလိုစိတ်ထားမျိုး ထားရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ (၄) ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် (၅) မှတ်အထိ ကွာဟသွားခဲ့သည်။
သို့သော် အသင်းဂန္ထဝင်ကစားသမား အဂွဲရိုးက နည်းပြ ဂွါဒီယိုလာရှိနေသည့်အတွက် မန်စီးတီးအသင်းအနေဖြင့် စိတ်ပူစရာမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဂွဲရိုးက ''မန်စီးတီး အခုလို အောင်မြင်နေတာ ဂွါဒီယိုလာကြောင့်ပါ။ ဂွါဒီယိုလာဟာ နိုင်ပွဲဆာလောင်စိတ်ကို ဘယ်လိုထိန်းထားရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ သူက မန်စီးတီးရဲ့အဓိကလူဖြစ်ပြီး သူ့ကြောင့် ကစားသမားတွေ အောင်ပွဲဆာလောင်နေကြတာပါ။ ဂွါဒီယိုလာဟာ အမြဲတမ်း ငါတို့နိုင်ရမယ်လို့ နှိုးဆော်နေတတ်သူဖြစ်ပြီး သူဟာ ကစားသမားတွေကို ဘယ်တော့မှအနားမပေးသူပါ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
