နိုဝင်ဘာလ Nations League ပွဲတွေမှာ လက်ရှိချန်ပီယံစပိန်ရဲ့ ပြိုင်ဘက်တွေက ဒိန်းမတ်နဲ့ဆွစ်ဇာလန်တို့ပါ။ စပိန်ဟာ ၂၀၂၄-၂၅ ရာသီ UEFA Nations League ပြိုင်ပွဲ၊ League (A)ရဲ့ အုပ်စု (D)မှာ ရမှတ် (၁၀)မှတ်ရရှိထားပြီး ထိပ်ဆုံးမှာဦးဆောင်ထားသလို ဆီမီးဖိုင်နယ်တက်ရောက်ဖို့လည်း အခွင့်အရေးကောင်းနေတယ်။ ဒီသောကြာညမှာ ကစားရမယ့် ဒိန်းမတ်နဲ့ပွဲက စပိန်ကို အုပ်စုပထမနေရာရ၊ မရ အဆုံးအဖြတ်ပေးနိုင် မယ့်ပွဲမျိုး ဖြစ်နေတယ်။ ကစားရမှာက ဒိန်းမတ်ရဲ့ ကွင်းမှာဆိုတော့ စပိန်အတွက် သတိကြီးကြီးနဲ့ကစားရတော့မယ်။ စပိန်ရဲ့နောက်တစ်ပွဲကတော့ အုပ်စုအောက်ဆုံးက ဆွစ်ဇာလန်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမယ့်ပွဲဆိုတော့ စပိန်အတွက်သိပ်မခက်ခဲလောက်ပါဘူး။ ဒါကြောင့် ဒိန်းမတ်နဲ့ပွဲကိုသာ အမှတ်ရအောင်ကစားနိုင်ခဲ့ရင် စပိန်အတွက်အုပ်စုပထမနေရာက သေချာသလောက်ဖြစ်သွားနိုင်ပေမယ့် ပေါ့ဆလို့မရသေးတာအမှန်ပါပဲ။ စပိန်တို့လက်ရှိ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် ဒီတစ်ခေါက် Nations League ပွဲတွေကိုလည်း အနိုင်ရလဒ်နဲ့ ကျော်လွှားပြရဦးမှာပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
