■ အင်္ဂလန်အသင်းအတွက် ပထမဆုံးပွဲထွက်မယ့် လူးဝစ်ဟောလ်
24htopnews | November 14, 2024 8:12 PM CST
လာမယ့်ပွဲစဉ်အတွက် ကာစလေရွေးချယ်ခဲ့တဲ့ အင်္ဂလန်အသင်းလူစာရင်းကိုကြည့်ရင် ကစားသမားသစ်တချို့ပါဝင်နေတယ်။ ဒီကစားသမားတွေထဲမှာ အသက် (၂၀)အရွယ်သာရှိသေးတဲ့ နယူးကာဆယ်ဘယ်နောက်ခံလူ လူးဝစ်ဟောလ်လည်း ပါဝင်လာခဲ့တယ်။ လုခ်ရှော နောက်ပိုင်း ဘယ်အစွန်ခံစစ်ပြဿနာကြုံတွေ့နေရတဲ့ အင်္ဂလန်အသင်းအတွက် လူးဝစ်ဟောလ်က မျှော်လင့်ချက်တစ်ခုလည်း ဖြစ်လာခဲ့တယ်။ နည်းပြ ဆောက်ဂိတ်လက်ထက်ကဆိုရင် ထရစ်ပီယာလို ညာနောက်ခံကစားသမားကိုတောင် ဘယ်ဘက်မှာ ထုတ်ကစားခဲ့ရတယ်။ ဒဏ်ရာပြဿနာတွေနဲ့ လုံးလည်ချာလည်လိုက်နေတဲ့ လုခ်ရှော၊ ဘင်ချီဝဲလ်တို့ကြောင့်လည်း လူးဝစ်ဟောလ်ကို အင်္ဂလန်အသင်းမှာ စောင့်ကြည့်ချင်စရာဖြစ်လာခဲ့တာပါ။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
