အမေရိကန်သမ္မတ ရွေးကောက်ပွဲပြုလုပ်သည့်နေ့က ပရိသတ်ကြည့်ရှုမှုနှုန်းတွင် ပြိုင်ဖက်ရုပ်သံများထက် နည်းခဲ့ပြီးနောက် CNN က ဝန်ထမ်းအင်အားရာနှင့်ချီ လျှော့ချတော့မည်ဖြစ်သည်။
ဝန်ထမ်းထုတ်နုတ်လျှော့ချမှုများကို CNN ရုပ်သံဥက္ကဌ မက်ခ်ထွန်ဆင်က ရာထူးအဆင့်အလိုက် ပြုလုပ်သွားဖွယ်ရှိသည်။ နိုဝင်ဘာ ၅ ရက်နေ့က ရွေးကောက်ပွဲသတင်းများ ထုတ်လွှင့်တင်ဆက်ချိန်အတွင်း ပြိုင်ဖက်ရုပ်သံများဖြစ်သည့် MSNBC နှင့် Fox News တို့ထက် CNN ကတင်ဆက်မှု အားနည်းခဲ့ပြီးနောက် ယခုဆုံးဖြတ်ချက် ထွက်လာခြင်းဖြစ်သည်။
လျှော့ချသည့်အထဲ အများဆုံးသက်ရောက်နိုင်သည်က ရုပ်သံထုတ်လုပ်ရေးအဖွဲ့ဖြစ်ပြီး ဒစ်ဂျစ်တယ်ဦးစားပေး ကမ္ဘာသစ်တွင် ၎င်းရာထူးနေရာများက လိုအပ်ချင်မှ လိုအပ်တော့မည်ဟု မက်ခ်ထွန်ဆင်က ယူဆနေသည်။
ယခင်က The New York Times နှင့် the BBC တို့တွင် စီအီးအိုတာဝန်ယူခဲ့သည့် ထွန်ဆင်က လစာကောင်းသည့် အစီအစဉ်တင်ဆက်သူများကို လစာလျှော့ချမှုလည်း ပြုလုပ်ဖွယ်ရှိသည်။
ယင်းသို့ ဝင်ငွေကောင်းသည့် အစီအစဉ်တင်ဆက်သူများထဲ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀ အထိရနေသည့် အန်ဒါဆင်ကူးပါး နှင့် တစ်နှစ်လျှင် ဒေါ်လာခြောက်သန်းခန့်ရနေသည့် အယ်ရင်ဘာနတ် တို့ပါနေသည်။
CNN ၏ နောက်ထပ်အပြောင်းအလဲတစ်ခုက ခရစ္စဝေါလေ့စ် အလုပ်မှထွက်တော့မည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။
မက်ခ်ထွန်ဆက်၏ ပြန်လည်ဖွဲ့စည်းမှုပုံစံအရ လက်ရှိပရိုဂျူဆာများနှင့် လက်ထောက်များ တာဝန်ယူထားသည့် အလုပ်များကို သတင်းထောက်များအား တာဝန်ပိုပေးသွားရန်ရှိသည်။
ယခုနှစ်အစောပိုင်းကလည်း CNN ဝန်ထမ်းအင်အား၏ သုံးရာခိုင်နှုန်းခန့် (အရေအတွက်အားဖြင့် ဝန်ထမ်း ၁၀၀ နီးပါး)ကို အလုပ်မှထုတ်ခဲ့သည်။
အစဉ်အလာအားဖြင့် ရွေးကောက်ပွဲနေ့တွင် CNN က ပရိသတ်အများဆုံး ကြည့်ရှုလေ့ရှိသည့် ရုပ်သံဖြစ်သော်လည်း ယခုနှစ်ရွေးကောက်ပွဲနေ့တွင် ကြည့်ရှုသူ ၅.၁ သန်းသာရှိခဲ့ကာ ပြိုင်ဖက်ဖြစ်သည့် Fox News ရုပ်သံက ပရိသတ် ၁၀.၃ သန်းကြည့်ရှုခဲ့ပြီး MSNBC ရုပ်သံက CNN ကိုပင် ပထမဆုံးအကြိမ် ကျော်တက်သွားကာ ကြည့်ရှုသူခြောက်သန်းရှိခဲ့သည်။
Ref: NewsBytes
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
