အေစီမီလန်အသင်းနည်းပြ စတီဖာနိုပီအိုလီက မီလန်ဒါဘီပွဲစဉ်တွင် အရှက်တကွဲ ဂိုးပြတ်အရေးနိမ့်ခဲ့ရသော်လည်း အသင်းပရိသတ်များကို တောင်းပန်သွားမည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။
ယခုရလဒ်သည် အေစီမီလန်အသင်းအတွက် ၂၀၂၃ ခုနှစ်အတွင်း အိပ်မက်ဆိုးတစ်ခုဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်၊ စီးရီးအေနှင့် အီတလီစူပါဖလားပွဲစဉ်များတွင် (၅)ပွဲဆက်တိုက် အရေးနိမ့်ထားခြင်းဖြစ်သည်။
အေစီမီလန်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်(၁၂)ဦး ခေါ်ယူထားပြီး အဖွင့်(၃)ပွဲဆက် အနိုင်ရခဲ့သော်လည်း ယခုပွဲတွင် အင်တာအသင်း၏(၅) ဂိုးသွင်းယူမှုခံရခြင်းမှာ ၁၉၇၄ ခုနှစ် မတ်လ(၂၄)ရက်နောက်ပိုင်း ပထမဆုံးအဖြစ် မှတ်တမ်းဆိုးတစ်ခု ပိုင်ဆိုင်ခဲ့ရသည်။
အေစီမီလန်အနေဖြင့် နောက်ဆုံး(၅)ပွဲဆက် အရေးနိမ့်ခဲ့ရာတွင် တစ်ဂိုးသာသွင်းနိုင်ခဲ့ပြီး (၁၂)ဂိုးအထိ ပေးခဲ့ရကြောင်း သိရသည်။
''အင်တာအသင်းဟာ တောင့်တင်းတဲ့အသင်းပါ။ ဒီအတွက် အံ့သြစရာမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကစားခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ယှဉ်ရင် ရလဒ်ပိုင်းက ကွာခြားလွန်းလှပါတယ်''ဟု ပီအိုလီက ပြောကြားခဲ့သည်။
ထို့ပြင် ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ပရိသတ်များအား တောင်းပန်သင့်သည့်အချိန်လားဟု မေးခွန်းထုတ်မှုကိုမူ ဒေါသတကြီး တုံ့ပြန်ခဲ့သည်။
''ပရိသတ်တွေကို ဒီလိုတောင်းပန်တဲ့ စိတ်ကူးစိတ်သန်းမျိုးကိုတော့ ကျွန်တော့်အနေနဲ့ သဘောမတူနိုင်ပါဘူး။ ဒါဘီပွဲမှာ အင်တာအသင်းကို ၁-၅ ဂိုးနဲ့ ရည်ရွယ်ချက်ရှိရှိ အရှုံးပေးခဲ့တယ်လို့ ခင်ဗျား ထင်နေတာလား။ ကျွန်တော်တို့ ဒီအတွက် စိတ်ပျက်ရပါတယ်။ ပရိသတ်တွေရောပေါ့။ ခင်ဗျားအနေနဲ့ ရည်ရွယ်ချက်ရှိရှိ အမှားအယွင်း တစ်စုံတစ်ခု ပြုလုပ်ခဲ့ရင်တော့ တောင်းပန်သင့်ပါတယ်''ဟု ပီအိုလီက ပြောကြားခဲ့သည်။
မီလန်ဒါဘီပွဲပြီးနောက် အီတလီမီဒီယာအချို့က ပီအိုလီအား လုပ်ပုံကိုင်ပုံများနှင့် ပတ်သက်ပြီး ဝေဖန်ထောက်ပြခဲ့ကြသည်။
La Gazzetta dello Sport က မီလန်ဒါဘီပွဲစဉ်တွင် ပီအိုလီ၏လုပ်ပုံကိုင်ပုံများသည် အထင်ကြီးစရာမရှိကြောင်းနှင့် လူစားလဲမှုများပြုလုပ်ရာတွင် မှားယွင်းခဲ့ကြောင်း သုံးသပ်ခဲ့သည်။
Tuttosport ကမူ မီလန်အသင်းသည် ပွဲအတွင်း ကျေနပ်လောက်သည့် ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ ၄-၂-၃-၁ ကစားကွက်ကို ပြောင်းလဲကစားခြင်းမျိုး မရှိခဲ့ကြောင်း မှတ်ချက်ပေးခဲ့သည်။
လာမည့်ပွဲများတွင် အေစီမီလန်အသင်းအတွင်း အပြောင်းအလဲအချို့ကို သေချာပေါက်မြင်တွေ့ရဖွယ်ရှိပြီး ကစားသမားသစ်များဖြစ်သည့် အိုကာဖော်၊ ချူကွာဇီ၊ မူဆာတို့ ပွဲကစားချိန် ပိုရလာဖွယ် ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
