မုဒိမ်းမှုပြဿနာကြောင့် ဘောလုံးလောကနှင့် (၂)နှစ်ကျော် ဝေးကွာနေခဲ့သော ပြင်သစ်နောက်ခံလူ ဘင်ဂျမင်မန်ဒီသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ဘောလုံးပြန်ကစားနိုင်ခဲ့ပြီး ၎င်းအနေဖြင့် (၇၆၃)ရက်ကြာမှ ဘောလုံးပြန်ကစားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘင်ဂျမင်မန်ဒီ(၂၉ နှစ်)သည် မန်စီးတီးအသင်းတွင် ယှဉ်ပြိုင်ကစားနေစဉ် ၂၀၂၁ ခုနှစ်၌ မုဒိမ်းမှုစွဲချက်(၈)ခု၊ အဓမ္မပြုကျင့်ရန် ကြိုးပမ်းသည့်စွဲချက်(၁)ခု၊ လိင်ပိုင်းဆိုင်ရာတိုက်ခိုက်သည့်စွဲချက်(၁)ခုနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုနှစ် ဇူလိုင်လတွင်မှ စွဲချက်အားလုံးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
၎င်းအနေဖြင့် ၂၀၂၁ ခုနှစ်သြဂုတ်လတွင် မန်စီးတီးအသင်းအတွက် နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ပြီးကတည်းက ဘောလုံးကစားခွင့်မရတော့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင်မှ လော်ရီယန့်အသင်းအတွက် လူစားဝင်ကစားကာ ဘောလုံးကွင်းအတွင်း ပြန်လည်ခြေချနိုင်ခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားသည့် မန်ဒီကို လော်ရီယန့်အသင်းက ယခုနွေရာသီတွင် (၂)နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး မိုနာကိုနှင့် (၂-၂)ဂိုးဖြင့် သရေကျသည့်ပွဲတွင် လူစားဝင်ကစားစေခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
