Top News

စီရော်နယ်လ်ဒို ရှုံးပွဲမရှိပွဲ(၁၀၀၀) ပြည့်မြောက်ရန် တစ်ပွဲသာ လိုတော့
24htopnews | November 14, 2024 11:12 PM CST

အယ်လ်နာဆာအသင်းမှ ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုသည် ကစားသမားဘဝတစ်လျှောက် ရှုံးပွဲမရှိပွဲ(၁၀၀၀)ပြည့်မြောက်ရန် တစ်ပွဲသာလိုတော့ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် ကစားသမားဘဝတွင် နိုင်ပွဲ(၇၇၅)ပွဲ၊ သရေပွဲ(၂၂၄)ပွဲရရှိထားသည့်အတွက် ရှုံးပွဲမရှိသည့်ပွဲပေါင်း (၉၉၉)ပွဲရှိနေပြီဖြစ်သည်။

ထို့ကြောင့် ရှုံးပွဲမရှိပွဲ(၁၀၀၀)ပိုင်ဆိုင်သည့် ပထမဆုံးကစားသမားလည်း ဖြစ်လာဖွယ်ရှိနေပြီး ယခုတစ်ပတ် ယှဉ်ပြိုင်ရမည့် အာရှချန်ပီယံလိဂ်ပွဲတွင်ပင် ပြည့်မြောက်ဖွယ်ရှိနေကြောင်း သိရသည်။


READ NEXT
Cancel OK