Top News

မွန်ဇာကွင်းတွင် ဘာလူစကိုနီအတွက် ထိုင်ခုံထား ဂုဏ်ပြု
24htopnews | November 14, 2024 11:12 PM CST

ကွယ်လွန်သွားပြီဖြစ်သည့် မွန်ဇာအသင်းဥက္ကဋ္ဌဟောင်း ဆယ်လ်ဗီယိုဘာလူစကိုနီအား ဂုဏ်ပြုသောအားဖြင့် ကမ္ဗည်းထိုးထားသော ထိုင်ခုံတစ်လုံးကို မွန်ဇာကွင်းအတွင်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာလူစကိုနီသည် ၂၀၂၃ ခုနှစ် ဇွန်လ(၁၂)ရက်က ကွယ်လွန်ခဲ့ပြီး မွန်ဇာအသင်းဥက္ကဋ္ဌနှင့် ပိုင်ရှင်အဖြစ် (၅)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကာ အသင်းသမိုင်းတစ်လျှောက် စီးရီးအေပြိုင်ပွဲကို ပထမဆုံးတန်းတက်ခွင့်ရရှိစေရန် ပြုလုပ်ပေးနိုင်ခဲ့သည်။

အီတလီဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သူ ဘာလူစကိုနီအနေဖြင့် အေစီမီလန်အသင်းပိုင်ရှင်ဘဝနှင့် ဘောလုံးလောကအတွင်း ထင်ရှားကျော်ကြားခဲ့ပြီး အီတလီနှင့် ကမ္ဘာတစ်ဝန်းတွင် ရရှိနိုင်သည့် ဆုဖလားအားလုံး သူ့လက်ထက်တွင် ရယူခဲ့သည်။

မွန်ဇာအသင်းသည် ပြီးခဲ့သည့်ရာသီက (၅၂)မှတ်ရရှိကာ အဆင့်(၁၁)နေရာ ရပ်တည်ခဲ့ပြီး စီးရီးအေကို ပထမဆုံးတန်းတက်သည့်ကလပ်အနေဖြင့် အမြင့်ဆုံးစွမ်းဆောင်မှုလည်းဖြစ်သည်။


READ NEXT
Cancel OK