Top News

ဘယ်လ်ဒီနှင့် ယာမဲလ်တို့အား နှစ်ရှည်စာချုပ်သစ်များ ချုပ်ဆိုရန် ဘာစီလိုနာသဘောတူညီမှုရရှိ
24htopnews | November 14, 2024 11:12 PM CST

ဘာစီလိုနာအသင်းသည် အသင်း၏ ကြယ်ပွင့်ကစားသမားနှစ်ဦးဖြစ်သည့် စပိန်လက်ရွေးစင်နောက်ခံလူ အလက်ဆန်ဒရိုဘယ်လ်ဒီ (၁၉ နှစ်)နှင့် စပိန်လက်ရွေးစင်တောင်ပံကစားသမား လာမိုင်းယာမဲလ် (၁၆ နှစ်)တို့ နှစ်ဦးအား နှစ်ရှည်စာချုပ်သစ်များချုပ်ဆိုရန် သဘောတူညီမှုရခဲ့ပြီးဖြစ်ကြောင်း စပိန်အားကစားသတင်းစာ AS ကဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီမှ ပေါ်ထွက်လာခဲ့သည့် ဘယ်လ်ဒီနှင့် ယာမဲလ်တို့သည် လက်ရှိတွင် ဘာစီလိုနာအသင်းကြီးအတွက်သာမက စပိန်လက်ရွေးစင်အသင်းအတွက်ပါ အနာဂတ်ဦးဆောင်သူများအဖြစ် သတ်မှတ်ခံထားရသူများဖြစ်ပြီး ၎င်းတို့၏ဈေး ကွက်တန်ကြေးမှာလည်း အဆမတန်မြင့်မားလျက်ရှိနေသည်။

ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ၂၀၂၄ နွေရာသီတွင်စာချုပ်သက် တမ်းကုန်ဆုံးမည့် ကြယ်ပွင့်နှစ်ဦးအား နှစ်ရှည်စာချုပ်သစ်များအသီးသီးချုပ်ဆိုသွားရန်စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဘယ်လ်ဒီအား ၂၀၂၈ ခုနှစ်အထိနှင့် ယာမဲလ်အား ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK