ပြီးခဲ့သည့် စက်တင်ဘာ (၁၇)ရက်နေ့က ယှဉ်ပြိုင်ခဲ့သော ၂၀၂၃-၂၄ ရာသီ စပိန်လာလီဂါပွဲစဉ် (၅) ဘာစီလိုနာ (၅-ဝ) ဘက်တစ်ပွဲစဉ်တွင် လီဝန်ဒေါစကီး၊ ဖယ်ရန်တောရက်စ်တို့အပြင် ကစားသမားသစ်များဖြစ်သည့် ဂျော်အိုဖေးလစ်နှင့် ကန်ဆယ်လိုတို့ မှတ်တမ်းကောင်းများပိုင်ဆိုင်နိုင်ခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
အဆိုပါပွဲစဉ်တွင် ဘာစီလိုနာအသင်းအတွက်ဂိုးများကို ဂျော်အိုဖေးလစ်၊ လီဝန်ဒေါစကီး၊ ဖယ်ရန်တောရက်စ်၊ ရာဖင်ညာနှင့် ကန်ဆယ်လိုအစရှိသည့် မတူညီသည့်ကစားသမား (၅)ဦးမှ သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ရာဖင်ညာမှလွဲ၍ ကျန်ကစားသမား (၄)ဦးမှာ မှတ်တမ်းကောင်းများအသီးသီးပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့သည့် ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ပြီးခဲ့သည့်ရာသီမှစတင်ရေတွက်ပါက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၅၁)ပွဲကစားရာတွင် (၃၆)ဂိုးအထိသွင်းယူပေးထားပြီး မန်စီးတီးအသင်းမှ နော်ဝေတိုက်စစ်မှူးဟော်လန်း (၅၉ ဂိုး)၊ PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေ (၄၈ ဂိုး) တို့၏နောက် ဘိုင်ယန်မြူးနစ်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း (၃၆ ဂိုး)နှင့်အတူ ယင်းကာလအတွင်း ဥရောပထိပ်တန်း လိဂ် (၅)ခုတွင် ပြိုင်ပွဲစုံ တတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ဘာစီလိုနာအသင်းအတွက် တတိယဂိုးကို ပြစ်ဒဏ်ဘောမှတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူပေးခဲ့သည့် စပိန်တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်မှာလည်း လက်ရှိမေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီတွင်ကစားနေသည့် ဘာစီလိုနာတိုက်စစ်မှူးဟောင်း မက်ဆီ (၂၀၂၁ ခုနှစ်၊ မေလ) နောက်ပိုင်း ရက်ပေါင်း (၈၀၀)ကျော်အတွင်း ဘာစီလိုနာအသင်းအတွက် လာလီဂါပြိုင်ပွဲတွင် ပြစ်ဒဏ်ဘောမှ တိုက်ရိုက်ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။ ဘာစီလိုနာအသင်းသည် မက်ဆီ၏ ပြစ်ဒဏ်ဘောတိုက်ရိုက်ကန်သွင်းယူမှုအပြီး လာလီဂါပြိုင်ပွဲတွင် ပြိုင်ဘက်ဂိုးဧရိယာအနီး ပြစ်ဒဏ်ဘောကန်သွင်းမှု (၄၁)ကြိမ်အထိ ရရှိခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘဲ ယင်းမှတ်တမ်းဆိုးကို ဖယ်ရန်တောရက်စ်က အသင်းအတွက် ချေဖျက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့ရက်တွင်မှ ဘာစီလိုနာအသင်းသို့ရောက်ရှိလာခဲ့သည့် ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်နှင့် ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လိုတို့မှာလည်း ဘက်တစ်အသင်းနှင့်ပွဲတွင် ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးသွင်းဂိုးများကို အသီးသီးသွင်းယူနိုင်ခဲ့ပြီး အသင်း၏ လာလီဂါမှတ်တမ်းကောင်းတစ်ခုကိုပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ လာလီဂါပွဲစဉ်တစ်ပွဲ၌ ပေါ် တူဂီက စားသမား (၂)ဦးတစ်ပြိုင်နက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းမှာ ဘာစီလိုနာအသင်းအတွက် (၂၁)ရာစုအတွင်း ပထမဆုံးအကြိမ်အဖြစ်မှတ်တမ်းဝင်ခဲ့ပြီး လာလီဂါပွဲစဉ်တစ်ပွဲ အတွင်းမတူညီသည့် ကစားသမား (၅)ဦး ဂိုးသွင်းယူနိုင်ခဲ့ခြင်းမှာလည်း ၂၀၁၈ ခုနှစ် စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Football Espana က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
