Top News

ကစားသမားဟောင်း ကူဘိုအား ပြန်လည်ခေါ်ယူရန် ရီးယဲလ်မက်ဒရစ် စီစဉ်နေပြီး ချယ်လ်ဆီးအသင်း၏ အင်္ဂလန်နောက်ခံလူ ရီးစ်ဂျိမ်းစ်ကိုလည်း ပစ်မှတ်ထားနေ
24htopnews | November 14, 2024 11:12 PM CST

ရီးယဲလ်မက်ဒရစ်သည်းသည် ဆိုစီဒက်အသင်းမှ အသင်း၏ကစားသမားဟောင်းဖြစ်သူ ကူဘိုကို ပြန်လည်ခေါ်ယူရန်စီစဉ်နေပြီး ချယ်လ်ဆီးအသင်းမှ အင်္ဂလန်လက်ရွေးစင် နောက်ခံလူ ရီးစ်ဂျိမ်းစ်ကိုလည်း ပစ် မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ Football Espana က ဖော်ပြခဲ့သည်။

အသက် (၂၂)နှစ်အရွယ်ရှိ ဂျပန်လက်ရွေးစင်တောင်ပံကစားသမား ကူဘိုသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့က ဂျပန်ကလပ် FC တိုကျိုအသင်းမှ ရီးယဲလ်အသင်းသို့ပြောင်းရွှေ့ လာခဲ့သူဖြစ်ပြီး ရီးယဲလ်ကစားသမားအဖြစ် (၃)နှစ်ကြာရှိခဲ့သော်လည်း ပွဲကစားခွင့်မရခဲ့ဘဲ အငှားကစားသမားအဖြစ်သာ အချိန်ကုန်ဆုံးခဲ့သူဖြစ်သည်။ ထို့ကြောင့် ကူဘိုသည် ၂၀၂၂ ဇူလိုင်လတွင် ဆိုစီဒက်အသင်းသို့ ယူရို (၆)သန်းဖြင့်အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၄၈)ပွဲစကားရာတွင် (၁၂)ဂိုးသွင်းယူကာခြေစွမ်းပြနေသူ ဖြစ်သည်။ ထို့ကြောင့်ရီးယဲလ်အသင်းအနေဖြင့် ကူဘိုအားပြန်လည်ခေါ်ယူရန်စီစဉ်နေခြင်းဖြစ်ပြီး ဆိုစီဒက်အသင်းအားရောင်းချခဲ့စဉ်က ယူရို (၃၃)သန်းဖြင့် ပြန်လည်ခေါ်ယူခွင့်အချက်ကို ထည့်သွင်းထားသောကြောင့်လက် ရှိအချိန်တွင် ယင်းအချက်ကိုအသုံးချကာ အပြောင်းအရွှေ့အတွက် ကြိုးပမ်းလာဖွယ်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ထို့ပြင်ရီးယဲလ်အသင်းသည် အသင်း၏ ညာနောက်ခံနေရာအတွက် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ရီးစ်ဂျိမ်းစ် (၂၃ နှစ်)အား လာမည့်နွေရာသီတွင် ခေါ် ယူသွားရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ ရီးယဲလ်အသင်းသည် ရီးစ်ဂျိမ်းစ်အားခေါ်ယူရန်အတွက် ကာလရှည်ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး အသင်း၏ရေရှည်အနာဂတ်အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းသိရသည်။ ရီးယဲလ်အသင်းသည် ရီးစ်ဂျိမ်းစ်အတွက် ပြောင်းရွှေ့ကြေးအနည်းဆုံး ယူရိုသန်း (၅၀)အသုံးပြုသွားဖွယ်ရှိနေကြောင်း Marca ကဖော်ပြခဲ့သည်။


READ NEXT
Cancel OK