လီဗာပူးလ်အသင်း၏ အီဂျစ်တိုက်စစ်ကစားသမား ဆာလာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးပါဝင်ပတ်သက် မှု(သွင်းဂိုး+ဖန်တီးမှု) (၂၀၀)ကို ဒုတိယအမြန်ဆုံးပြည့်မြောက်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဆာလာသည် အဆိုပါ ဂိုးပါဝင်ပတ်သက်မှု(၂၀၀)ကို ပွဲပေါင်း(၂၂၃)ပွဲ ယှဉ်ပြိုင်ကစားအပြီးတွင် ရရှိခဲ့ခြင်းဖြစ်ပြီး ကိုယ်တိုင်(၁၃၉)ဂိုးသွင်းယူ၍ အသင်းဖော်များကို ဂိုးဖန်တီးမှု(၆၂)ကြိမ် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
ဆာလာသည် ယခုတစ်ပတ်ဝုလ်ဗ်အသင်းအား အနိုင်ရခဲ့သည့်ပွဲတွင် ကိုယ်တိုင်ဂိုးမသွင်းနိုင်သော်လည်း ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သဖြင့် စုစုပေါင်းဂိုးပါဝင်ပတ်သက်မှု (၂၀၁)ဂိုး ရှိသွားခဲ့ပြီး အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီ၏နောက် ဂိုးပါဝင်ပတ်သက်မှု(၂၀၀) အမြန်ဆုံး ပြည့်မြောက်သူအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ အွန်နရီသည် ပရီးမီးယားလိဂ်ဂိုးပါဝင်ပတ်သက်မှု(၂၀၀)ကို စုစုပေါင်း(၂၀၆)ပွဲယှဉ်ပြိုင်ကစားအပြီးတွင် ရရှိပြီး အမြန်ဆုံး ပြည့်မြောက်သူအဖြစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ပရီးမီးယားလိဂ်၌ ဂိုးပါဝင်ပတ်သက်မှု(၂၀၀)ပြည့်မြောက်သည့် ကစားသမား (၈)ဦးသာရှိပြီး ဆာလာမတိုင်မီက အွန်နရီ၊ အဂွဲရိုး၊ ဟာရီကိန်း၊ ရွန်နီ၊ လမ်းပတ်၊ ရိုင်ယန်ဂစ်နှင့် ဂျရတ် တို့ဖြစ်ကြောင်း သိရသည်။ ဆာလာသည် လီဗာပူးလ်ဂန္ထဝင်ကစားသမား ဂျရတ်၏နောက် ဂိုးပါဝင်ပတ်သက်မှု (၂၀၀)ပြည့်မြောက်သည့် လီဗာပူးလ်ကစားသမား ဖြစ်လာခဲ့ပြီး လီဗာပူးလ်ကစားသမားများထဲတွင် ယင်းသို့စွမ်းဆောင် နိုင်သည်မှာ ၎င်းတို့နှစ်ဦးသာရှိကြောင်းလည်း သိရသည်။
ဆာလာသည် ချယ်လ်ဆီးအသင်းတွင် ယှဉ်ပြိုင်ကစားခဲ့စဉ်က ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဂိုးဖန်တီးမှု(၁)ကြိမ် ပြုလုပ်နိုင်ခဲ့သောကြောင့် ၎င်း၏ကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုအရေအတွက်မှာ (၆၃)ကြိမ်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ်၌ ဂိုးဖန်တီးမှုအများဆုံး အာဖရိကကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ဆာလာသည် မူလက လက်စတာနှင့် မန်စီးတီးကစားသမားဟောင်းဖြစ်သော အယ်လ်ဂျီးရီးယားကစားသမား မာရက်ဇ်နှင့်အတူ ဂိုးဖန်တီးမှု(၆၁)ကြိမ်စီဖြင့် ပူးတွဲဦး ဆောင်နေရာမှ ယခုအခါ တစ်ဦးတည်းစံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆာလာသည် ပရီးမီးယားလိဂ်နောက်ဆုံး (၁၁)ပွဲဆက်တိုက်တွင် သွင်းဂိုးသို့မဟုတ် ဖန်တီးမှု အနည်းဆုံးတစ်ကြိမ် ပြုလုပ်နိုင်သူအဖြစ်လည်း မှတ်တမ်းဝင်နေပြီး (၅)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၉)ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ပရီးမီးယားလိဂ်အဝေးကွင်း (၅)ပွဲဆက်တိုက် ဂိုးဖန်တီးမှု ပြုလုပ်နိုင်သည့် စတုတ္ထမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ ဆာလာမတိုင်မီ ယင်းသို့ စွမ်းဆောင်နိုင်ခဲ့သူ (၃)ဦးမှာ အစ်ဇက်(လက်စတာ၊ ၂၀၀၃)၊ ဖာဘရီဂတ်စ် (ချယ်လ်ဆီး၊ ၂၀၁၅)နှင့် ဒယ်လိုဖူ(အဲဗာတန်၊ ၂၀၁၅)တို့ဖြစ်ကြောင်း သိရသည်။ ဆာလာသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ထားပြီး ဝုလ်ဗ်အသင်းမှ ပေါ်တူဂီတောင်ပံကစားသမား နေတိုနှင့် အတူ ပူးတွဲဦးဆောင်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
