မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်သည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည့် နည်းပြအတွက် အလေးပေးမှုတွင် (၁၀း၁)လေးဖြင့် စတုတ္ထနေရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ယခုရာသီတွင် ပွဲစဉ်(၅)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်၌ နိုင်ပွဲ(၂)ပွဲသာရရှိပြီး (၃)ပွဲရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် အမှတ်ပေးဇယားအဆင့်(၁၃)နေရာသို့ ရောက်ရှိနေပြီး ဘရိုက်တန်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်အပြီးတွင် နည်းပြတန်ဟက်ဂ် ထုတ်ပယ်ခံရနိုင်သည့် အလေးပေးမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ တန်ဟက်ဂ်သည် ယင်းပွဲမတိုင်မီက ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်သည့် နည်းပြအလေးပေးမှုတွင် အဆင့်(၁၂)နေရာ၌ ရှိနေရာမှ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့်(၄)နေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပြီးခဲ့သည့်တနင်္ဂနွေနေ့အထိ ရာထူးမှ ထုတ်ပယ်ခံရသည့်နည်းပြ မရှိသေးသော်လည်း ဥရောပထိပ်တန်းလိဂ်များတွင်မူ နည်းပြရာထူးမှ ထုတ်ပယ်ခံရမှုများ ရှိနေပြီဖြစ်သည်။ ဥရောပထိပ်သီးလိဂ်(၅)ခုထဲ တွင် နည်းပြရာထူးမှ အစောဆုံးထုတ်ပယ်ခံရသူမှာ ဗီလာရီးယဲလ်နည်းပြ ဆယ်တီယန်ဖြစ်ပြီး စက်တင်ဘာ(၅)တွင် ထုတ်ပယ်ခံရခြင်းဖြစ်သည်။ ဒုတိယမြောက်ထုတ်ပယ်ခံရသူမှာ လိုင်ယွန်နည်းပြ လောရင့်ဘလန့်ဖြစ်ပြီး စက်တင်ဘာ(၈)တွင် ထုတ်ပယ်ခံရခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်တွင် စက်တင်ဘာ(၁၇)အထိ နည်းပြရာထူးမှ ထုတ်ပယ်ခံရသူမရှိသေးသော်လည်း အဲဗာတန်နည်း ပြ ရှောင်ဒိုက်နှင့် ရှက်ဖီးယူနိုက်တက်နည်းပြ ပေါလ်ဟက်ကင် ဘော်တွန်တို့မှာ ထုတ်ပယ်ခံရရန် နီးစပ်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ စက်တင်ဘာ(၁၇)တွင် Sky Bet မှ ထုတ်ပြန်ထားသည့် အလေးပေးမှုအရ အဲဗာတန်နည်းပြ ရှောင်ဒိုက်က (၆း၄)လေးဖြင့် ရာထူးမှ ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံးဖြစ်နေပြီး ပေါလ်ဟက်ကင်ဘော်တွန်က (၃း၁)လေးဖြင့် ဒုတိယရေပန်းအစားဆုံးဖြစ်နေသည်။ ၎င်းတို့၏နောက်တွင် လူတန်နည်းပြ ရော့ဘ်အက်ဒ်ဝပ်စ်က (၆း၁)လေး၊ မန်ယူနည်းပြ တန်ဟက်ဂ်က (၁၀း၁)လေး၊ ဖူလ်ဟမ် နည်းပြ မာကိုဆေးလ်ဗားက (၁၀း၁)လေး၊ နော်တင်ဟမ်ဖောရက်စ်နည်းပြ စတိဗ်ကူးပါးက (၁၀း၁)လေး၊ ဝုလ်ဗ်နည်းပြ ဂယ်ရီအိုနေးလ်က (၁၁း၁)လေးဖြင့် အစဉ်လိုက်ရပ်တည်လျက်ရှိသည်။
တန်ဟက်ဂ်သည် မန်ယူအသင်းကို ပြီးခဲ့သည့်ရာသီတွင် စတင်ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်အဆင့်(၃)နေရာဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို၊ လိဂ်ဖလားလည်း ရယူပေးနိုင်ခဲ့သောကြောင့် ပရိသတ်များ၏ ထောက်ခံမှု ရရှိခဲ့သည်။ သို့သော် ယခုရာသီတွင်မူ ခံစစ်ပိုင်း အားနည်းချက်များနှင့်အတူ စပါး၊ အာဆင်နယ်၊ ဘရိုက်တန်တို့ကို ဂိုးပြတ်အရှုံးပေးခဲ့ရသည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်လာရသည်။ တန်ဟက်ဂ်သည် နွေရာသီအပြောင်း အရွှေ့ကာလအတွင်း လုံလောက်သည့်အားဖြည့်မှု ပြုလုပ်နိုင်ခြင်းမရှိသောကြောင့် ရုန်းကန်နေရခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ တန်ဟက်ဂ်သည် ဘရိုက်တန်အသင်း ကို ရှုံးနိမ့်ခဲ့သည့်ပွဲတွင် တိုက်စစ်မှူး ဟွိုင်လန်း၏နေရာ၌ မာစီယဲလ်ကို လူစားလဲခဲ့သည့်အတွက် ပရိသတ်များ၏ လှောင်ပြောင်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
