ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက မိမိအနေဖြင့် ဆော်ဒီသို့ ပြောင်းရွှေ့ကစားရန် စဉ်းပင်မစဉ်းစားဖူးကြောင်း ပြောကြားခဲ့သည်။
ဆော်ဒီပရိုလိဂ်ကလပ်အသင်းများသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ဘန်ဇီမာ၊ ကွန်တေ၊ ဖေမီနို၊ ဟန်ဒါဆန်၊ နေမာ၊ မာနေ၊ မီလင်ကိုဗစ်၊ ကူလီဘလီ၊ မန်ဒီတို့အပါအဝင် နာမည်ကျော်ထိပ်တန်းကစားသမားများကို လစာမြောက်မြား စွာပေးချေကာ ခေါ်ယူခဲ့ကြသည်။
ဆော်ဒီ ကလပ်အသင်းများအနေဖြင့် လာမည့်အပြောင်းအရွှေ့ကာလများတွင် ဥရောပမှ ထိပ်တန်းကစားသမားများကို လစာအဆမတန်ပေးချေကာ ခေါ်ယူရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။ သုုိ့သော် အသက် ၃၅ နှစ်ကျော်ပြီဖြစ်ပြီး ကစားသမားဘဝမှ အနားယူရန် နီးကပ်လာပြီဖြစ်သည့် ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကမူ ၎င်းအနေဖြင့် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ရန် မစဉ်းစားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လီဝန်ဒေါစကီးက "ဆော်ဒီအာရေဗျကို ပြောင်းရွှေ့ဖို့အတွက် ကျွန်တော့်အနေနဲ့ အခုအချိန်မှာ စဉ်းတောင် မစဉ်းစားမိပါဘူး။ ဘာစီလိုနာအသင်းမှာ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ပြီးတော့ ဒီမှာ နေရတာကို ကျွန်တော့်မိသားစုကလည်း သဘောကျကြတယ်။ ဘာစီလိုနာကို မရောက်ခင်တုန်းကတော့ ကျွန်တော်ဟာ စက်ရုပ်တစ်ရုပ်လိုပါပဲ။ ဒါပေမဲ့ ဘာစီလိုနာမှာတော့ ကျွန်တော်ဟာ လူသားပိုဆန်လာပါတယ်။ စံချိန်တွေချိုးဖို့က ကျွန်တော့်ရဲ့ အဓိကရည်မှန်းချက် မဟုတ်တော့ပါဘူး။ အခုအချိန်မှာ အ သင်းကို နိုင်ပွဲရအောင်ကူညီဖို့နဲ့ ဘောလုံးပွဲတွေကို ပျော်ရွှင်စွာကစားနိုင်ဖို့က ကျွန်တော့်အတွက် ပိုပြီးအရေးကြီးပါတယ်။ ကျွန်တော့် အနေနဲ့ နှစ်နှစ်၊ သုံးနှစ်လောက်တော့ ဆက်ကစားနိုင်ဦးမှာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
