မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီး ရရှိလာမည့် သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ရန်အခြေအနေများနှင့် အခြားကိစ္စရပ်များ မြန်မာ-တရုတ် ဆွေးနွေးကြကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက်က ပေကျင်းမြို့ရှိ China National Petroleum Corporation (CNPC) ၏ ဧည့်ခန်းမဆောင်၌ CNPC ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တိုးချဲ့တည်ဆောက်ခြင်း စီမံကိန်းများအတွက်လိုအပ်သည့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ရရှိနိုင်ရေး၊ မြန်မာနှင့်တရုတ် နှစ်နိုင်ငံလုံးသည် သဘာဝဓာတ်ငွေ့လိုအပ်ချက်များရှိနေ၍ မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီး ရရှိလာမည့် သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာ-တရုတ် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ စွမ်းရည်အပြည့် အသုံးပြုနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများ၊ ပိုက်လိုင်းများ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာ စက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်တွင် ပေကျင်းမြို့ရှိ အမျိုးသား စွမ်းအင်အုပ်ချုပ်မှုအဖွဲ့ (National Energy Administration-NEA)၏ အစည်းအဝေးခန်းမဆောင်၌ ဒုတိယအကြီးအကဲ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ၊ စွမ်းအင်ဖူလုံမှုနှင့်လုံခြုံမှုအတွက် နှစ်နိုင်ငံဆောင်ရွက်နေသည့် အခြေအနေများ၊ Green Energy နှင့် New Energy များအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍတွင် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကဒေသတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရအချက်အချာကျသည့် အားသာချက်ကိုရယူ၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ စွမ်းအင်ကဏ္ဍတွင် လူသားအရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရုတ်နိုင်ငံမှ ဆောင်ရွက်ပေးနိုင်သည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၏ တတိယအကြိမ်မြောက် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ညီလာခံတွင် ဆွေးနွေးခဲ့သည့် ခေါင်းစဉ်အား ကြိုဆိုခဲ့ကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် Sino - pipeline International (SPI) ၏ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့က ပြည်ထောင်စုဝန်ကြီးအား တည်းခိုသည့်နေရာသို့ လာရောက်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး ခရီးစဉ်အတွင်း တရုတ်နိုင်ငံစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကြီးအကဲများနှင့် တွေ့ဆုံခဲ့မှုရလဒ်များအပေါ်တွင် လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာသံရုံး၊ ပေကျင်းမြို့မှ သံမှူးကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
