ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို သတိပေးဖောက်ခွဲခဲ့ကြောင်း Dark Shadow အမည်ရှိ PDF အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
အဆိုပါအဖွဲ့၏ ထုတ်ပြန်ထားမှုတွင် ယနေ့(နိုဝင်ဘာ ၁၄ ရက်) မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် တွင် ရန်ကင်းမြို့နယ် ဘောက်ထော် မြရတနာလမ်းရှိ အနုပညာရှင်ရန်အောင်၏နေအိမ်ကို ၎င်းတို့အဖွဲ့က ပြင်းအားပျော့မိုင်းအသုံးပြု၍ သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်သည်
နစကအား ထောက်ခံအားပေးနေကြောင်းကို Social Media များပေါ်တွင် မြင်တွေ့နေရသဖြင့် ၎င်း၏ နေအိမ်ကို ပထမဆုံးအကြိမ် သတိပေးသည့်အနေဖြင့်ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန်သည်။
ထို့အတူ နစကအားထောက်ခံသည့် အခြားအနုပညာရှင်များကိုလည်း သတိပေးကြောင်း Dark Shadow အဖွဲ့၏ ထုတ်ပြန်ချက်တွင်ခြိမ်းခြောက် ရေးသားထားသည်ကို တွေ့ရသည်။
ရန်ကင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မေ ၃၀ ရက် ညပိုင်းက အဆိုတော် ဒေါ်လီလီနိုင်ကျော်သည် ပြင်ပမှ (၂) ရပ်ကွက်၊ ရန်အောင်လမ်းရှိ ၎င်း၏နေအိမ်သို့ ကိုယ်ပိုင်မော်ယာဉ်ဖြင့် မောင်းနှင်ပြန်လာစဉ် နေအိမ်တိုက်ရှေ့ အရောက်တွင် PDF တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သဖြင့် ယာနားထင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူခဲ့ပြီးနောက် တစ်ပတ်ခန့်အကြာ ဇွန် ၆ ရက်တွင် ရရှိသောဒဏ်ရာဖြင့် ဒေါ်လီလီနိုင်ကျော် ကွယ်လွန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
