ရီးယဲလ်မက်ဒရစ်အသင်းသည် ပြင်းထန်သည့်ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မည့် ညာနောက်ခံလူ ကာဗာဟယ်လ်၏နေရာအတွက် ဇန်နဝါရီတွင် ကစားသမားသစ် ထပ်မံခေါ်ယူသွားမည်မဟုတ်ဘဲ လာမည့် ၂၀၂၅ နွေရာသီတွင်မှ ကစားသမားသစ်အနည်းဆုံး (၄) ဦးခေါ်ယူသွားရန် စီစဉ်ထားပြီးဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။
ချန်ပီယံလိဂ်နှင့် လာလီဂါပြိုင်ပွဲတို့၏ လက်ရှိချန်ပီယံအသင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းက ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေနှင့် ဘရာဇီးလ်ဆယ်ကျော်သက်တိုက်စစ်မှူး အန်းဒရစ်ချ် (ကြိုတင်ခေါ်ယူထားခြင်းဖြစ်) တို့ (၂)ဦးကိုခေါ်ယူခဲ့ကာ အားဖြည့်ပြင်ဆင်မှုများပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် ပုံစံကောင်းရရှိရန် ရုန်းကန်ရလျက်ရှိနေသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ဘာပေအားခေါ်ယူခဲ့ပြီးနောက် ချန်ပီယံဆုဖလားများအတွက် ပိုမိုရေပန်းစားလာခဲ့ပြီး ကြယ်စင်စုအသင်းအဖြစ် တင်စားခဲ့ကြသော်လည်း လက်တွေ့တွင်မူ လာလီဂါပြိုင်ပွဲတွင် ပွဲစဉ် (၁၂)ပွဲကစားပြီးချိန် ဇယားထိပ်ဆုံးမှဘာစီလိုနာနှင့် (တစ်ပွဲလျော့) (၆)မှတ်အထိကွာဟနေသလို၊ ချန်ပီယံလိဂ်တွင် (၄)ပွဲကစားပြီးချိန် (၂)ပွဲနိုင်၊ (၂)ပွဲရှုံးရမှတ် (၆)မှတ်ဖြင့် လိဂ်အဆင့် (၁၈)နေရာတွင် ရပ်တည်လျက်ရှိနေသည်။
ထို့ကြောင့် ရီးယဲလ်အသင်းအနေဖြင့် ကာဗာဟယ်လ်၊ မီလီတိုတို့ ကာလရှည်အနားယူရဖွယ်ရှိနေသည့် ခံစစ်ပိုင်းအတွက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားသစ်များထပ်မံခေါ်ယူဖွယ်ရှိနေသည်ဟု စပိန်မီဒီယာများကဖော်ပြခဲ့ကြသော်လည်း အသင်းတာဝန်ရှိသူများအနေဖြင့် ကစားသမားသစ်များကို အလျင်စလို ခေါ်ယူရန်ထက် လက်ရှိကစားသမားအစုအဖွဲ့ဖြင့် အဖြေရှာရန်သာ စီစဉ်ထားကြောင်းသိရသည်။
ရီးယဲလ်အသင်းသည် ကာဗာဟယ်လ်၏နေရာအတွက် ဗယ်လ်ဗာဒီ၊ ဗက်ဇ်ကေးနှင့် လူငယ်ကစားသမား ဖော်တီအာတို့ကို အစားထိုးကစားစေရန် ဆုံးဖြတ်ထားပြီး လာမည့် လာမည့် ၂၀၂၅ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင်မှ ကစားသမားသစ်များ အလုံးအရင်းဖြင့်ခေါ်ယူဖွယ်ရှိနေကြောင်း Football Espana ကဖော်ပြခဲ့သည်။
ရီးယဲလ်အသင်းနည်းပြ အန်ဆယ်လော့တီသည် လာမည့်နွေရာသီတွင် အသင်း၏ခံစစ်အား အဓိကအားဖြည့်သွားမည်ဖြစ်ပြီး ညာနောက်ခံလူတစ်ဦး၊ ဘယ်နောက်ခံလူတစ်ဦးနှင့် ဗဟိုနောက်ခံတစ်ဦးတို့ကို အဓိကခေါ်ယူသွားမည်ဖြစ်ပြီး ထိပ်တန်းအဆင့် ကွင်းလယ်ဖန်တီးရှင်တစ်ဦးကိုလည်း ပစ်မှတ်ထားနေကြောင်းသိရသည်။
ရီးယဲလ်အသင်းသည် ခံစစ်အစွန်နေရာအတွက် လာမည့်ရာသီတွင် လီဗာပူးလ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် အင်္ဂလန်နောက်ခံလူ အာနိုးလ်၊ ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ကနေဒါတောင်ပံကစားသမား အယ်လ်ဖွန်ဆိုဒေးဗီးစ်တို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ကွင်းလယ်ဖန်တီးရှင်နေရာအတွက် မန်စီးတီးအသင်းကပါ ပစ်မှတ်ထားနေသည့် လေဗာကူဆင်အသင်းမှ ဂျာမန်ကြယ်ပွင့်ကွင်းလယ်လူ ဖလော်ရီယန်ဗက်ဇ်ကို ယူရိုသန်း (၁၃၀)ဖြင့်ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
