လီဗာပူးလ်အသင်းနှင့် လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်တို့ကို ရိုင်းစိုင်းသည့်စကားလုံးများဖြင့် စော်ကားသည့် ဗီဒီယိုကြောင့် ပရီးမီးယားလိဂ်ဒိုင်လူကြီးရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေသည့် ဒိုင်လူကြီး ဒေးဗစ်ကူတီအား ဆော်ဒီပရိုလိဂ်က ကမ်းလှမ်းဖွယ်ရှိနေကြောင်း သိရသည်။
ကူတီသည် နိုဝင်ဘာ (၁၁) ရက်က လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်တွင် လီဗာပူးလ်အသင်းနှင့် ယာဂန်ကလော့ပ်တို့ကို ညစ်ညမ်းသည့်စကားလုံးများဖြင့် ရိုင်းစိုင်းစွာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါဗီဒီယိုမှာ ၂၀၂၀ က ရိုက်ကူးခဲ့သည်ဟု ယုံကြည်ရပြီး ယင်းဗီဒီယိုထွက်ပေါ်လာပြီးနောက် ပရော်ဖက်ရှင်နယ်ဒိုင်အဖွဲ့(PGMOL) က ၎င်းကို ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
ထို့ပြင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) တို့ကလည်း အဆိုပါဗီဒီယိုကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ကူတီက အဆိုပါဗီဒီယိုမှာ AI နှင့်လုပ်ထားခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင်ပြောထားခြင်းဖြစ်ပြီး အကြောင်းအရာကိုမူ မမှတ်မိတော့ဟု ပြောဆိုခဲ့ကြောင်း The Sun က ဖော်ပြခဲ့သည်။
ယင်းအတွက် ကူတီမှာ ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖြစ်မှ ရပ်စဲခံရဖွယ်ရှိကြောင်း သိရသည်။
ယခုအခါ နာမည်ကျော်ကစားသမားများစွာကို ခေါ်ယူထားသည့် ဆော်ဒီပရိုလိဂ်က ၎င်းတို့၏ လိဂ်အဆင့်အတန်းကို မြှင့်တင်ရန်အတွက် ကူတီအား ၎င်းတို့လိဂ်တွင် ဒိုင်လူကြီးအဖြစ် ကိုင်တွယ်ရန် ငှားရမ်းဖွယ်ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
