မန်ယူအသင်း၏ ယာယီနည်းပြအဖြစ် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နယ်သာလန်တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းသည် နည်းပြလောကသို့ အမြန်ဆုံးပြန်လည်ဝင်ရောက်ဖွယ်ရှိကြောင်း သိရသည်။
နစ္စတယ်ရွိုင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် လိဂ်ချန်ပီယံရှစ်ကလပ် ဘန်လေအသင်းက ပြီးခဲ့သည့်နွေရာသီကတည်းက စိတ်ဝင်စားခဲ့ကြောင်း သိရသည်။
သို့သော် နစ္စတယ်ရွိုင်းသည် မန်ယူအသင်းတွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ရန်အတွက် ဘန်လေအသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။
သို့သော် အာမိုရင်မ် မန်ယူအသင်းနည်းပြဖြစ်လာပြီးနောက် နည်းပြအဖွဲ့ကို ခေါ်ဆောင်လာခဲ့ရာ နစ္စတယ်ရွိုင်းအနေဖြင့် မန်ယူအသင်းမှ ထွက်ခွာခဲ့ရသည်။
ယင်းအနေအထားတွင် ဘန်လေအသင်းက အသင်းလက်မဲ့ဖြစ်နေသည့် နစ္စတယ်ရွိုင်းအား ယခုအခါ တရားဝင်ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
နစ္စတယ်ရွိုင်းကလည်း ၎င်း၏အနာဂတ်အတွက် အားလုံးကို တံခါးဖွင့်ထားသည်ဟု ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
