နာမည်ကြီး အိုင်ယာလန် MMA ကစားသမား ကော်နာမက်ဂရီဂေါ်က စွပ်စွဲသူအမျိုးသမီးနှင့် နှစ်ဦးသဘောတူ လိင်ဆက်ဆံခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ (၁၃) ရက်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။
နီကီတာဟန်းဟု အမည်ရသူ အမျိုးသမီးက ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုဖြင့် မက်ဂရီဂေါ်နှင့် အခြားအမျိုးသားတစ်ဦးကို တိုင်ကြားထားခြင်းဖြစ်သည်။
မစ္စဟန်းက မက်ဂရီဂေါ်သည် ဒဗ္ဗလင်မြို့ရှိ ဟိုတယ်အိပ်ခန်းတစ်ခုအတွင်း ၎င်းအား အိပ်ရာပေါ်သို့တင်၍ အဓမ္မပြုကျင့်ခဲ့ကြောင်း စွပ်စွဲထားသည်။
နိုဝင်ဘာ (၁၃) ရက်ကပြုလုပ်သည့် ကြားနာစစ်ဆေးမှုတွင် မက်ဂရီဂေါ်က "ကျွန်တော် သိသလောက် ကျွန်တော့်ဆီက သူဒဏ်ရာတွေ မရခဲ့ပါဘူး"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက မစ္စဟန်းမှာ လိမ်ညာနေခြင်းဖြစ်ကြောင်း၊ မစ္စဟန်းက ပါးစပ်ဖြင့် လိင်ဆက်ဆံမှုပြုလုပ်ပေးခဲ့သလို စိတ်အားထက်သန်စွာ လိင်ဆက်ဆံခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း ထွက်ခွာသွားစဉ် မစ္စဟန်းမှာ စိတ်အနှောင့်အယှက်ဖြစ်ခြင်း သို့မဟုတ် စိတ်ဆိုးနေခြင်း မရှိကြောင်း ဆက်လက်ပြောကြားသည်။
ယင်းနေ့ ကြားနာစစ်ဆေးမှုတွင် မစ္စဟန်း၏ ခန္ဓာကိုယ်နှင့် အတွင်းခံ၌ တွေ့ရှိရသည့် DNA နမူနာမှာ မက်ဂရီဂေါ်နှင့် ကိုက်ညီမှုရှိသည်ဟု ဒေါက်တာ ရှားလော့မာဖီက ထွက်ဆိုခဲ့ကြောင်း သိရသည်။
မစ္စဟန်းက တိုင်ကြားမှုပြုလုပ်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်နှင့် အတွင်းခံမှ DNA နမူနာကို စစ်ဆေးမှုပြုလုပ်ရာ မက်ဂရီဂေါ်၏ သုက်ပိုးနှင့် ကိုက်ညီနေသည်ကို တွေ့ရှိရကြောင်း၊ သုက်ပိုးတွေ့ရှိခြင်း သို့မဟုတ် မတွေ့ရှိခြင်းမှာ အလိုတူစွာ ဆက်ဆံခြင်းဖြစ်သည်ဟု ရည်ညွှန်း ခြင်းမဟုတ်ကြောင်း ဒေါက်တာမာဖီက ပြောကြားသည်။
မက်ဂရီဂေါ်နှင့်အတူ စွပ်စွဲခံရသည့် ဂျိမ်းစ်လောရန့်စ်၏ DNA နမူနာကိုမူ မစ္စဟန်းထံမှ မတွေ့ရှိကြောင်း သိရသည်။
မစ္စဟန်း အလုပ်လုပ်ကိုင်သည့် ဒဗ္ဗလင်မြို့ရှိ ဆံပင်ညှပ်ဆိုင်ပိုင်ရှင် ဂျွန်မက်မာဟွန်းက မစ္စဟန်းသည် အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက် အလုပ်ပြန်လာလုပ်သော်လည်း အဆင်မပြေဘဲ ရုန်းကန်ခဲ့ရပြီး ၂၀၁၉ ခုနှစ် မေလတွင် အလုပ်မှ နုတ်ထွက်သွားကြောင်း ပြောကြားခဲ့သည်။
အဆိုပါအမှုကို အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့ရှိတရားရုံးချုပ်၌ နိုဝင်ဘာ (၅) ရက်မှစ၍ ကြားနာစစ်ဆေးနေခြင်းဖြစ်ပြီး နိုဝင်ဘာ (၁၄) ရက်တွင်လည်း မက်ဂရီဂေါ်ကို စစ်ဆေးမှု ဆက်လက်ပြုလုပ်ခဲ့သည်။
မက်ဂရီဂေါ်ကမူ "ကျွန်တော် ဘာအမှားမှ မပြုလုပ်ခဲ့ပါဘူး။ နှစ်ဦးသဘောတူဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုသာဖြစ်ပြီး ဒါဟာ တရားဥပဒေကို ချိုးဖောက်ခြင်းလည်း မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
