လာမည့်နွေရာသီ၌ လေဗာကူဆင်အသင်းနှင့် လမ်းခွဲရန် စီစဉ်နေသည့် စပိန်နည်းပြ ရှာဘီအလွန်ဆိုသည် ရီးယဲလ်နည်းပြသစ်ဖြစ်လာရန် အလားအလာများနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။
အလွန်ဆို(၄၂ နှစ်)သည် ပြီးခဲ့သည့်ရာသီတွင် လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး အ ဆိုပါအောင်မြင်မှု မရရှိမီကတည်းကပင် ထိပ်တန်းအသင်းများစွာ၏ စိတ်ဝင်စားခြင်းခံခဲ့ရသူဖြစ်သည်။
အထူးသဖြင့် ၎င်း၏ ကစားသမားဘဝ အသင်းဟောင်းများဖြစ်သည့် လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့က ၎င်းကို နည်းပြအဖြစ် ခန့်အပ်ရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်ခဲ့သည်။
သို့သော် ၎င်းက လေဗာကူဆင်အသင်းနှင့် ဆက်လက်လက်တွဲရန်သာ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။
သို့ရာတွင် လက်ရှိအချိန်၌ လေဗာကူဆင်အသင်းနှင့် စာချုပ်သက်တမ်းမပြည့်မီ လမ်းခွဲရန် စီစဉ်နေပြီဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြလာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းဟောင်း (၃)သင်းအနက် ရီးယဲလ်အသင်းသို့ ရောက်ရှိရန် အလားအလာများနေ ကြောင်းလည်း သုံးသပ်ခဲ့သည်။
ရီးယဲလ်အသင်းသည် လက်ရှိနည်းပြ အန်ဆယ်လော့တီ၏ ဦးဆောင်မှုကို စိတ်တိုင်းမကျသည့်အတွက် အလွန်ဆိုသာ လေဗာကူဆင်အသင်းနှင့် လမ်းခွဲခဲ့ပါက ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
