Top News

■ ဆာလာအား သက်တမ်းတိုးရန်အတွက် လီဗာပူးလ်အသင်း ကြိုးပမ်းမှုများ စတင်ပြုလုပ်     
24htopnews | November 15, 2024 5:12 PM CST

လီဗာပူးလ်အသင်းသည် ၎င်းတို့အသင်း၏ အီဂျစ်ဝါရင့်တိုက်စစ်မှူး မိုဟာမက်ဆာလာအား သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်အတွက် ကြိုးပမ်းမှုအချို့ကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ 

    

မိုဆာလာသည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းနောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယခုရာသီကုန်တွင် အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရတော့မည့် ကစားသမားလည်းဖြစ်သည်။ 

ထို့ပြင် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မည်သည့်အသင်းနှင့်မဆို တရားဝင် အကြိုသဘောတူညီမှုရယူနိုင်သည့် အခြေအနေလည်းဖြစ်ပြီး လီဗာပူးလ်အသင်းအနေဖြင့် ယခုအချိန်မှ စာချုပ်သစ်အတွက် လုံးပန်းလာခဲ့ခြင်းလည်းဖြစ်သည်။

    

ဆာလာသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး အသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားသူ တစ်ဦးလည်းဖြစ်သည်။ 

၎င်းအား ခေါ်ယူရန်အတွက် ဆော်ဒီပရိုလိဂ်ကလပ်အသင်းများနှင့်အတူ ဥရောပထိပ်တန်းအသင်းအချို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK