Top News

■ အင်တာကွန်တီနန်တယ်ဖလားပြိုင်ပွဲအတွက် လက်မှတ်များ စတင်ရောင်းချ
24htopnews | November 15, 2024 5:12 PM CST

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် အင်တာကွန်တီနန်တယ်ဖလားပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်(၃)ပွဲအတွက် လက်မှတ်များ စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

    

ဖီဖာသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းအရေအတွက် တိုးမြှင့်လိုက်သည့်အတွက် အင်တာကွန်တီနန်တယ်ဖလားပြိုင်ပွဲကို စီစဉ်ကျင်း ပခဲ့ခြင်းဖြစ်သည်။ 

ယခုပြိုင်ပွဲ၌ ဘောလုံးအဖွဲ့ချုပ်(၆)ခုကို ကိုယ်စားပြုသည့် ချန်ပီယံကလပ်အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်ပြီး လက်ရှိအ ချိန်တွင်မူ ပွဲစဉ်(၃)ပွဲသာ ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။ 

ကွန်ကာကပ်ဖ်ချန်ပီယံ ပါချူကာအသင်းနှင့် တောင်အမေရိကချန်ပီယံအသင်း၏ပွဲစဉ်၊ ယင်းပွဲမှ အနိုင်ရသည့်အသင်းနှင့် အာဖရိကချန်ပီယံ အယ်လ်အာလီအသင်းတို့၏ပွဲစဉ်၊ အဆိုပါပွဲမှ အနိုင်ရသည့်အသင်းနှင့် ဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်း၏ ပွဲစဉ်တို့ဖြစ်သည်။ 

ရီးယဲလ်အသင်းသည် ယခုပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအဆင့်မှသာ ယှဉ်ပြိုင်ကစားရခြင်းဖြစ်ပြီး ယင်းပွဲစဉ်ကို ဒီဇင်ဘာလ (၁၈)ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

နောက်ဆုံးကျန်ရှိသည့် (၃)ပွဲစလုံး ကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည်ဟု သိရသည်။


READ NEXT
Cancel OK