ရိုးမားအသင်းက ယခုရာသီကုန်အထိ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သည့် ၀ါရင့်နည်းပြ ရာနီရေးရီကို ရာသီကုန်တွင် အကြံပေးအရာရှိအဖြစ် ပြောင်းလဲခန့်အပ်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ရိုးမားအသင်းသည် ရာနီရေးရီအား နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာရာ၌ အဆိုပါအချက်ကိုလည်း ထည့်သွင်းကြေညာခဲ့ခြင်းဖြစ်သည်။
"ရာသီကုန်ရင် ရာနီရေးရီက အသင်းရဲ့ အားကစားဆိုင်ရာ ကိစ္စအဝဝမှာ အကြံပေးရမယ့်သူအဖြစ် တာဝန်ယူသွားမှာပါ။ လာမယ့်လတွေ မှာ နည်းပြသစ်ကို ရှာဖွေသွားမှာဖြစ်ပြီး ဒီရွေးချယ်မှုမှာ ရာနီရေးရီလည်း ပါဝင်မှာပါ။ ဒါဟာ သူ့အတွက် ကောင်းမွန်တဲ့ လုပ်ငန်းတာဝန်အသစ်လည်း ဖြစ်လာပါလိမ့်မယ်"ဟု ရိုးမားအသင်းက ပရိသတ်များကို အသိပေးခဲ့သည်။
ရိုးမားအသင်းသည် ယခုရာသီတွင် ရလဒ်များ ဆိုးရွားနေခြင်းကြောင့် ဒီရော့ဆီနှင့် ဂျူရစ်တို့ကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ရာနီရေးရီအား ယခုရာသီကုန်အထိ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ရာနီရေးရီသည် ရိုးမားနည်းပြဘဝ ပထမဆုံးပွဲအဖြစ် နိုဝင်ဘာ (၂၄) ရက်တွင် ကစားမည့် နာပိုလီအသင်းနှင့် စီးရီးအေအဝေးကွင်းပွဲစဉ်တွင် စတင်ကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။
ရိုးမားအသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၁၂) အပြီးတွင် ရမှတ် (၁၃) မှတ်သာ ရရှိထားပြီး အဆင့် (၁၂)နေရာအထိ ရောက်ရှိနေကာ အမှတ်ပေးဇယားထိပ်ဆုံးမှ နာပိုလီအသင်း (၂၆ မှတ်)နှင့် (၁၃) မှတ်အထိ ကွာဟနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
