နယူးကာဆယ်အသင်းမှ အင်္ဂလန်တောင်ပံကစားသမား ဂေါ်ဒွန်က အင်္ဂလန်လက်ရွေးစင်နည်းပြသစ် သောမတ်စ်တူဟယ်လ်နှင့် အမြန်ဆုံးလက်တွဲရန် လိုလားနေကြောင်း သိရသည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် အောက်တိုဘာ (၁၆) ရက်တွင် ချယ်လ်ဆီးနှင့် ဘိုင်ယန်မြူးနစ်နည်းပြဟောင်း တူဟယ်လ်အား အင်္ဂလန်လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခဲ့သည်။
သို့သော် တူဟယ်လ်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်တွင်မှ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် စတင်ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် ယာယီနည်းပြ ကာစလေက အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်လျက်ရှိသည်။
ဂေါ်ဒွန်သည် သောမတ်စ်တူဟယ်လ် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်စဉ်က ချယ်လ်ဆီးအသင်းသို့ ရောက်ရှိရန် နီးစပ်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဂေါ်ဒွန်က တူဟယ်လ်၏ နည်းစနစ်များက ၎င်းနှင့် အံဝင်လိမ့်မည်ဟု ယူဆနေပြီး လက်ရွေးစင်အသင်းတွင် အခွင့်အရေးပိုရလာမည်ဟု ယုံကြည်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
