မန်ယူအသင်းသည် တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီကို သံတမန်ရာထူးမှ ဖယ်ရှားရန် စီစဉ်နေကြောင်း သိရသည်။
ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်သည့် Ineos အဖွဲ့သည် နည်းပြဟောင်း ဖာဂူဆန်ကို ပြီးခဲ့သည့်လအတွင်း သံတမန်ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုအခါ ရွန်နီကိုလည်း ထပ်မံဖယ်ရှားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဆာဂျင်ရက်ကလစ်ဖ်သည် ကုန်ကျစရိတ်လျော့ကျရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ဆာဂျင်ရက်ကလစ်ဖ်နှင့် Ineos အဖွဲ့သည် မန်ယူအသင်း၏ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို စတင်ဝယ်ယူပြီးကတည်းက အပြောင်းအလဲ တောက်လျှောက် ပြုလုပ်နေပြီး အသင်းဝန်ထမ်းများကိုလည်း ရာချီပြီး ရာထူးမှထုတ်ပယ်ခဲ့ကြောင်း သိရသည်။
မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန်ကို သံတမန်ရာထူးမှ ဖယ်ရှားနှင့် အသင်းဝန်ထမ်းများကို ရာထူးမှထုတ်ပယ်ခြင်းတို့ကြောင့် ဆာဂျင်ရက်ကလစ်ဖ်နှင့် Ineos အဖွဲ့မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
