အာဆင်နယ်နောက်ခံလူ ဘင်ဝှိုက်သည် ဒူးဒဏ်ရာကို ခွဲစိတ်မှုခံယူခဲ့ခြင်းကြောင့် (၁၀)ပတ်မှ (၁၂)ပတ်ဝန်းကျင်အထိ အနားယူရဖွယ်ရှိကြောင်း သိရသည်။
ဘင်ဝှိုက်၏ ဒူူးဒဏ်ရာမှာ ဆိုးရွားခြင်းမရှိသော်လည်း ခွဲစိတ်ကုသရန် လိုအပ်သည့်အတွက် အာဆင်နယ်အသင်းက နိုင်ငံတကာရက်သတ္တပတ်နှင့် ကြုံကြိုက်ချိန်တွင် ခွဲစိတ်ကုသစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအတွက် အနားယူရမည့် အချိန်ကာလနှင့် ပြန်ကစားနိုင်မည့်နေ့ရက်ကို အာဆင်နယ်အသင်းက အတည်ပြုထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဗြိတိန်မီဒီယာအချို့က (၁၀)ပတ်မှ (၁၂)ပတ်အထိ အနားယူရဖွယ်ရှိသည်ဟု ခန့်မှန်းဖော်ပြခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် အာဆင်နယ်အသင်း၏ ဒဏ်ရာရစာရင်းတွင် ကစားသမားတစ်ဦး ထပ်တိုးသွားကြောင်း ဖော်ပြမှုများလည်း ရှိခဲ့သည်။
အာဆင်နယ်အသင်းတွင် အသင်းခေါင်းဆောင် အော်ဒီဂွါ ပြန်ကစားနိုင်ပြီဖြစ်သော်လည်း ကာလာဖီအိုရီ၊ တော်မီယာဆုနှင့် တီယာနေးတို့ အနားယူနေရဆဲဖြစ်ကြောင်း သိရသည်။
အင်္ဂလန်ကစားသမား ဘင်ဝှိုက်သည် လက်ရွေးစင်အသင်း၏ နည်းပြအပြောင်းအလဲကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြန်ကစားရန် ဆန္ဒရှိနေကြောင်းလည်း သိရသည်။
ဘင်ဝှိုက်သည် ယခင်နည်းပြ ဆောက်ဂိတ်လက်ထက်တွင် လက်ရွေးစင်အသင်းအတွက် ကစားပေးရန် ငြင်းဆန်ထားခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
