မန်ယူအသင်းသည် စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်ကို ခေါ်ယူရန်အတွက် နယ်သာလန်တိုက်စစ်မှူး ဇက်ဇီကို အသုံးချရန် စီစဉ်နေကြောင်း သိရသည်။
မန်ယူအသင်းသည် ဇက်ဇီကို ပြီးခဲ့သည့်နွေရာသီတွင် ပေါင်(၃၆.၅)သန်းဖြင့်ခေါ်ယူကာ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့သော်လည်း ခြေစွမ်းအား သဘောကျခြင်းမရှိသည့်အတွက် ပြန်လည်ရောင်းထုတ်ရန် လိုလားနေသည်။
ထို့ပြင် ယိုကယ်ရက်စ်ကိုလည်း ခေါ်ယူရန် ဆန္ဒရှိနေရာ ဇက်ဇီနှင့် ငွေသားအလိုက်ပေး၍ ကမ်းလှမ်းသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
အသက် (၂၆) နှစ်အရွယ်ရှိ ယိုကယ်ရက်စ်သည် ယခုရာသီတွင် စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ (၁၈) ပွဲတွင် (၂၃) ဂိုးအထိ သွင်းယူထားပြီး ၎င်းကို ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရသည်။
မန်ယူနည်းပြသစ် အာမိုရင်မ်အနေဖြင့် စပို့တင်းလစ္စဘွန်းအသင်းတွင် လက်တွဲညီခဲ့သည့် ဂျိုကယ်ရက်စ်အား ခေါ်ယူရန် ဆန္ဒရှိနေရာ မန်ယူအသင်းအနေဖြင့် ဇီဇက်အား အသုံးချရန် စီစဉ်လာခြင်းဖြစ်သည်။
ဘိုလော့ဂ်နာအသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သည့် ဇက်ဇီကို စီးရီးအေကလပ်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းလည်း သိရသည်။
အသက် (၂၃) နှစ်အရွယ်ရှိ နယ်သာလန်တိုက်စစ်ကစားသမား ဇက်ဇီသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၁၁) ပွဲတွင် (၁) ဂိုးသာ သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
