မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက အသင်းဂန္ထဝင်ကစားသမား နစ္စတယ်ရွိုင်းအား နေရာမပေးခဲ့သည့် မန်ယူနည်းပြသစ် အာမိုရင်မ်အား ဝေဖန်ပြစ်တင်ခဲ့သည်။
အာမိုရင်မ်သည် ဂန္ထဝင်နည်းပြ ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း မန်ယူအသင်းကို ကိုင်တွယ်ခွင့်ရရှိသည့် သတ္တမမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး မန်ယူအသင်းက ၎င်းင်းကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိသည့် စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
၎င်းင်းအား နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းကို မန်ယူပရိသတ်များနှင့် ကစားသမားဟောင်းအများစုက ကြိုဆိုခဲ့သော်လည်း တိုက်စစ်မှူး ဟောင်း ဆာဟာကမူ နစ္စတယ်ရွိုင်းအား နေရာမပေးခြင်းအတွက် ဝေဖန်ပြစ်တင်မှု ပြုလုပ်ခဲ့သည်။
မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်းဖြစ်သည့် နစ္စတယ်ရွိုင်းသည် ယခင်နည်းပြ တန်ဟက်ဂ်လက်ထက်တွင် လက်ထောက်နည်းပြတစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရပြီး တန်ဟက်ဂ် ရာထူးမှ ထုတ်ပယ်ခံရချိန်၌ ယာယီနည်းပြအဖြစ် ဆောင်ရွက်ခွင့်ရရှိခဲ့သူဖြစ်သည်။
နစ္စတယ်ရွိုင်းသည် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း နည်းပြသစ် အာမိုရင်မ်က ၎င်း၏ နည်းပြအဖွဲ့ဖြင့်သာလက်တွဲဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည့်အတွက် နစ္စတယ်ရွိုင်းသည် မန်ယူအသင်းမှ ထွက်ခွာခဲ့ရသည်။
ယင်းအတွက် "နစ္စတယ်ရွိုင်းကို အသင်းက ထွက်ခွာစေခဲ့တာဟာ အာမိုရင်မ်အတွက် ပထမဆုံးအမှားပါပဲ။ နည်းပြသစ်က သူ့ရဲ့ ကိုယ်ပိုင်နည်းပြအဖွဲ့နဲ့ပဲ အလုပ်လုပ်ချင်တယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကလပ်အသင်းနဲ့ ကစားသမားတွေရဲ့အကြောင်း ကောင်းကောင်းသိနေတဲ့ နစ္စတယ်ရွိုင်းရဲ့ အကူအညီကို ရယူသင့်ပါတယ်"ဟု ဆာဟာက ပြောကြားခဲ့သည်။
ပေါ်တူဂီနည်းပြ အာမိုရင်မ်သည် စပို့တင်းလစ္စဘွန်းအသင်းနှင့် လမ်းခွဲပြီးနောက် နိုဝင်ဘာ(၁၁)တွင် မန်ယူအသင်း နှင့် စတင်ပူးပေါင်းခဲ့ပြီး ယင်းနေ့တွင်ပင် ကာရင်တန်လေ့ကျင့် ရေးကွင်းသို့ သွားရောက်ခဲ့သည်။
ထို့နောက် နိုဝင်ဘာ(၁၄)တွင် အိုးလ်ထရက်ဖို့ဒ်ကွင်းသို့ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
