ဥရုဂွေး - ကိုလံဘီယာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၆:၃၀ နာရီ)
အာဂျင်တီးနားနာမည်ကျော်နည်းပြ ဘီယဲလ်ဆာ ကိုင်တွယ်နေတဲ့ ဥရုဂွေးအသင်းက ရလဒ်ပိုင်းတွေ ထိုးကျသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်လအတွင်း ကစားခဲ့တဲ့ ခြေစစ်ပွဲ(၄)ပွဲစလုံးမှာ သွင်းဂိုးလုံးဝမရှိတော့တဲ့အထိ အခြေအနေဆိုးသွားခဲ့ရတာပါ။ ဆွာရက်ဇ် အနားယူသွားပြီးနောက် အောက်တိုဘာလပွဲတွေမှာ နူးနက်ဇ် ပြန်ကစားခဲ့ပေမဲ့ လိုအပ်နေတဲ့ဂိုးတွေကိုတော့ မရှာဖွေနိုင်ခဲ့ဘူး။ ကိုလံဘီယာအသင်းကလည်း အဝေးကွင်းဆိုရင် အားနည်းချက်တွေ ရှိတတ်တဲ့အသင်းပါ။ သရေရလဒ်နဲ့ပဲ အဆုံးသတ်ဖို့ များပါတယ်။
ပီရူး - ချီလီ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၈:၀၀ နာရီ)
အမှတ်ပေးဇယားအောက်ဆုံး(၂)သင်း ထိပ်တိုက်တွေ့ဆုံမှုက တစ်မျိုးစိတ်ဝင်စားစရာကောင်းနေတယ်။ ချီလီအသင်းအနေနဲ့ နောက်ဆုံး(၄)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပေမဲ့ ဇယားထိပ်ဆုံး(၄)သင်းထဲက (၃)သင်းနဲ့ ကစားခဲ့ရတာကို ထည့်တွက်ရမယ်။ ပီရူး အသင်းကလည်း ချီလီနဲ့နှိုင်းယှဉ်ရင် သိပ်မထူးခြားနား အနေအထားပါပဲ။ ဒါပေမဲ့ အိမ်ကွင်းနောက်ဆုံး(၂)ပွဲမှာ ကိုလံဘီယာကို သရေ၊ ဥရုဂွေးကို အနိုင်ကစားခဲ့တာက ပီရူးအနေနဲ့ အိမ်ကွင်းစွမ်းဆောင်ရည်တက်လာတယ်လို့ ပြောနိုင်တယ်။ ပီရူး အနိမ့်ဆုံးသရေကစားမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
