လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်က ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့တွင် ဦးဆောင်နေသော်လည်း မည်သည့်အောင်မြင်မှုမျှ မရသေးကြောင်း အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် နည်းပြသစ် ဆလော့လက်ထက်တွင် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)အပြီးတွင် အမှတ်ပေးဇယားကို (၅)မှတ်ဖြတ်ဦးဆောင်နေသလို၊ ချန်ပီယံလိဂ်တွင်လည်း ပွဲစဉ် (၄) အပြီးတွင် ရာနှုန်းပြည့်အနိုင်ရကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည်။
သို့သော် ဒါဝင်နူးနက်ဇ်က ''ကျွန်တော်တို့အနေနဲ့ ဘဝင်မမြင့်ဘဲ ဆက်ပြီး အလုပ်လုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘာအောင်မြင်မှုမှ မရသေးပါဘူး။ အများကြီး ကြိုးစားရဦးမှာပါ''ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် နိုဝင်ဘာနှောင်းပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်းတွင် ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး၊ နယူးကာဆယ်၊ အဲဗာတန်တို့နှင့် ပွဲကျပ်များ ဆက်တိုက်ရင်ဆိုင်သွားရမည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
