ထိုင်း - မြန်မာနယ်စပ် မြန်မာဘက်ခြမ်း ဘုရားသုံးဆူမြို့သို့ သွားရောက်ကြမည့် တရုတ် လူဆိုးဂိုဏ်းဝင်ဟု ယူဆရသူ အမျိုး သား ၁၈ ဦး နှင့် အမျိုးသမီး နှစ်ဦးတို့အား ပြီး ခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့မွန်းလွဲပိုင်း အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံ ဘက်မှ လာသည့် သတင်းများအရ သိရသည်။
တရုတ်နိုင်ငံသား ၁၈ ဦးနှင့် လာအိုနိုင်ငံ သူ နှစ်ဦးပါဝင်သောအဖွဲ့မှာ ထိုင်း - မြန်မာ နယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်း စံခလဘူရီ ဒေသအတွင်း တရားမဝင် နေထိုင်ပြီးနေ ကြ ပြီးနောက် ဘုရားသုံးဆူသို့သွားရန် တောလမ်း အတိုင်းဖြတ်သန်းစဉ် ထိုင်းလုံခြုံရေးတပ်ဖွဲ့မှ သတင်းရရှိသဖြင့် လိုက်လံရှာဖွေရာ စံခလယ် ကျေးရွာ စာသင်ကျောင်းရှေ့တွင် တွေရှိခဲ့ သည် ဟု ထိုင်းလုံခြုံရေးအဖွဲ့မှတာဝန်ရှိသူ၏ ပြောကြားချက်များအား ကိုးကား၍ ထိုင်း သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။
ထို စံခလယ်ကျေးရွာ စာသင်ကျောင်း ရှေ့လမ်း ဘေးတွင် အဝတ်အစား ကောင်း ကောင်းဝတ်ဆင်ထား သည့် အရွယ်ကောင်း အမျိုးသားများနှင့် အမျိုးသမီးများကို တွေ့ရှိ သဖြင့် ထိုင်းရဲတပ်ဖွဲ့မှ စစ်ဆေးရာ ပတ်စပို့ နှင့် အထောက်အထားစာရွက်စာတမ်းများ မပြနိုင်သဖြင့် ဖမ်းဆီးခဲ့ပြီး၊ စံခလဘူရီ ရဲစခန်း တွင် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း နှင့် ၎င်းင်းတို့မှာ ွမနပ ဃ့ငညနျန တရုတ်လူဆိုး ဂိုဏ်းဝင်များဖြစ်ကြသည်ကို စိစစ် တွေ့ရှိထား သည်ဟုလည်း ၎င်း ထိုင်းလုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုထားသည်။
ထို့အတူ ထိုင်းနိုင်ငံ စံခလဘူရီမြို့နယ် စံခလယ်ကျေးရွာနှင့် ဘုရားသုံးဆူကျေးရွာ အကြားရှိ နန်းပကိတ် ထိုင်းစစ်တပ်ဂိတ်ကို လည်း လုံခြုံရေးတင်းကြပ်လိုက်ပြီး ယာဉ် အသွားအလာများကို ဆက်လက်စစ်ဆေး နေစဉ် ကန်ချနဘူရီဘက်မှလာသော အဖြူ ရောင် ှုျကဖက မော်တော်ကားတစ်စီးပေါ်မှ ပါဆယ်ထုပ်များ စစ်ဆေးခဲ့ရာ လက်နက်နှင့် ခဲယမ်းအချို့ကို ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်၊ စံခလ ဘူရီမြို့နယ် နှင့်နယ်စပ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံ ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် ယခုအခါ ကျားဖြန့်လုပ်ငန်းများအပါအဝင် အခြားသော အွန်လိုင်းလောင်းကစားဂိမ်းလုပ်ငန်းများ လုပ် ကိုင်ရန် ထောင်နှင့်ချီသော တရုတ်နိုင်ငံ သားများ ရောက်ရှိနေကြောင်းလည်း ဘုရား သုံးဆူဒေသခံများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
