Top News

တစ်နေ့တည်း လူ ၂၇၇,၀၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံရသည့် အမေရိကန်တွင် COVID-19 ကာကွယ်ဆေး ၁၃ သန်း ဖြန့်ဝေထားပြီးဖြစ်
24htopnews | November 15, 2024 8:12 PM CST

အမေရိကန်နိုင်ငံအတွင်း COVID-19 ကာကွယ်ဆေး အလုံးရေ ၁၃ သန်း ဖြန့်ဝေထားပြီး ဇန်နဝါရီ ၂ ရက်အထိ ကာကွယ်ဆေး အလုံးရေ ၄.၂ သန်းကို ပြည်သူများအား ထိုးနှံပေးထားပြီး ဖြစ်ကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဆိုင်ရာ အမေရိကန်ဗဟိုဌာနက ထုတ်ပြန်ခဲ့သည်။

နိုင်ငံအတွင်း ဖြန့်ဖြူးခဲ့သော COVID-19 ကာကွယ်ဆေး အားလုံးနှင့် ကာကွယ်ဆေး ပထမအသုတ် ထိုးနှံမှုအစီအစဉ်တွင် အသုံးပြုခဲ့သော ကာကွယ်ဆေးများသည် Moderna နှင့် Pfizer / BioNTech ၏ ကာကွယ်ဆေးများ ဖြစ်ကြောင်း၊ ထိုးနှံပေးပြီး ဖြစ်သော ကာကွယ်ဆေး အရေအတွက်မှာ ၄,၂၂၅,၇၅၆ လုံးဖြစ်ပြီး ဖြန့်ဝေထားသော ကာကွယ်ဆေး အရေအတွက်မှာ ၁၃,၀၇၁,၉၂၅ လုံး ဖြစ်ကြောင်း အမေရိကန်ဗဟိုဌာန က ဆိုသည်။

ကာကွယ်ဆေးအလုံးရေ ၂,၂၁၇,၀၂၅ လုံးကို နာတာရှည်ရောဂါ ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ပေးသည့် ကျန်းမာရေး စင်တာများသို့ ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး ထိုစင်တာများတွင် လူ ၂၈၂,၇၄၀ ကို ကာကွယ်ဆေး ထိုးနှံပေးထားပြီး ဖြစ်ကြောင်း အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

အမေရိကန်တွင် နေ့အလိုက် ပိုးတွေ့လူနာ အရေအတွက် မြင့်တက်နေဆဲဖြစ်ပြီး ဇန်နဝါရီ ၂ ရက် တစ်နေ့တည်းအတွင်း လူ ၂၇၇,၀၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်။ ထိုအရေအတွက်သည် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံး စံချိန်တင်ခဲ့သည့် ပမာဏဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် စုစုပေါင်း ၂၀.၄ သန်းရှိပြီး သေဆုံးသူအရေအတွက် ၃၅၀,၀၀၀ နီးပါး ရှိနေသည့် အမေရိကန်သည် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် လူသေဆုံးမှုအမြင့်ဆုံး နိုင်ငံဖြစ်သည်။ မကြာသေးမီလများအတွင်း အမေရိကန်၌ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက်လာခဲ့ပြီး အမေရိကန်အစိုးရအဖွဲ့ ထိပ်တန်းသိပ္ပံပညာရှင် အန်တိုနီဖော်ချီက နိုင်ငံအတွင်း ကပ်ရောဂါ၏ အဆိုးရွားဆုံး အခြေအနေ ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း ခရစ္စမတ်ပွဲတော်အပြီး ရက်ပိုင်းအတွင်း သတိပေးခဲ့သည်။

အားလပ်ရက် ကာလအတွင်း ခရီးသွားလာမှု များပြားခဲ့ခြင်းက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို မြန်ဆန်စေခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံသည် ကပ်ရောဂါအကျပ်အတည်းတွင်းသို့ နက်နက်နဲနဲ ဝင်ရောက်လာခဲ့သည်။

ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် မြင့်တက်နေစဉ် အလောင်းများအား မီးသင်္ဂြု ိဟ်ရန် မနိုင်မနင်း ဖြစ်နေခြင်းနှင့် နေရာမလုံလောက်မှုတို့ကြောင့် တောင်ပိုင်း ကယ်လီဖိုးနီးယားဒေသ၌ အသုဘရှုရန် စီစဉ်ပေးသည့် နေရာများက အသုဘရှုအခမ်းအနား လုပ်ဆောင်လိုကြသော မိသားစုဝင်များအား ငြင်းလွှတ်နေရသည်။

“ အသုဘရှု အခမ်းအနားတွေကို စီစဉ်ပေးတဲ့ အလုပ်လုပ်ကိုင်လာတာ နှစ် ၄၀ ရှိပါပြီ။ ဒီလို အဖြစ်မျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်မဘဝ တစ်လျှောက်လုံး တစ်ခါမှ မတွေးထားခဲ့ဖူးဘူး။ နေရာမရှိတော့တဲ့အတွက် အလောင်းကို လက်မခံပေးနိုင်ဘူး ဆိုတာကို သေဆုံးသူရဲ့ မိသားစုဝင်တွေကို ပြောပြရတယ်” ဟု လော့စ်အင်ဂျလိစ်မြို့ရှိ Continental Funeral Home ပိုင်ရှင် မဂ္ဂဒါမယ်ဒို နာဒိုက ဆိုသည်။                        


READ NEXT
Cancel OK